adster160 /320

ယောက်ျားဆိုတာ မယုတ်မာဖို့ပဲ လိုတာပါ …

ယောက်ျားဆိုတာ မယုတ်မာဖို့ပဲ လိုတာပါ …

မိန်းကလေးတစ်ယောက်ရဲ့ တင် ရင် တွေကြည့်ပြီး
အပျိုစစ်လား မစစ်လား ဝေဖန်နေတဲ့ တစ်ချို့ကောင်တွေ
မင်းတို့ရော လူပျိုစစ်ရဲ့လား?

ရမလား စမ်းတာ ယောက်ျားသဘာဝလို့ မပြောပါနဲ့
အဲ့ဒီစကားတစ်ခွန်းကြောင့် မိန်းကလေးပေါင်းများစွာရဲ့
အရှက်သိက္ခာ နစ်နာမှုတွေ ဘယ်လောက်များပြီးလဲ
ကိုယ်ချင်းစာမိရဲ့လား

အိုင်တွေ့လို့ ခြေဆေးမယ် ဆိုကတည်းက
ကိုယ်ခြေထောက်က နဂိုကတည်းက မသန့်လို့ပဲ ဆိုတာ
သိထားပါ

ကိုယ်ကိုယ်တိုင်က နှမချင်းစာနာတတ်တဲ့စိတ် မရှိရင်
ခွေးထက်ယုတ်ညံသွားလိမ့်မယ်

Tattoo ထိုးမှ ယောက်ျားပီသတယ် ထင်နေလား
ဆေးလိပ်/အရက်သောက်မှ ယောက်ျားပီသတယ် ထင်နေလား
ဗလတောင့်မှ ယောက်ျားပီသတယ် ထင်နေလား

နောက်ဆုံး
စစ်တပ်ထဲဝင်မှ ယောက်ျားပီသတယ် ထင်နေလား
တစ်ကယ်တမ်းတော့ ယောက်ျားပီသဖို့ သူများသားသမီးကို
မယုတ်မာဖို့ပဲ လိုတာပါ

မင်းသာ ယောက်ျားကောင်းဆိုရင် ကိုယ်ချစ်တဲ့
မိန်းကလေးတစ်ယောက်ကို ဘဝတစ်ခုတည်ဆောက်ဖို့ အတွက်
မင်းခေါ်သွားဖို့ ကြိုးစားနေတဲ့ တည်းခိုးခန်းအစား မင်္ဂလာခန်းမထဲ ပြောင်းခေါ်ခဲ့လိုက်ပါ

မင်းသာ ယောက်ျားကောင်းဆိုရင်
အချစ်တစ်ခုကို ဘန်းပြပြီး သူအဝတ်အစားတွေ ချွတ်နေတဲ့
မင်းလက်ကို ရပ်လိုက်ပါ

မိန်းကလေးတစ်ယောက်ရဲ့ အချစ်နဲ့ဘဝကို
စော်ကားဖို့ ကြိုးစားတော့မည် ဆိုရင်
အရင်ဆုံး ကိုယ်အမေ အစ်မနှမကို ပြေးမြင်ကြည့်လိုက်ပါ

ယောက်ျားတစ်ယောက် ကြိုက်သလောက် မိုက်လို့ရတယ်
ဘယ်တော့မှ မယုတ်မာပါနဲ့

#Arkar💌

No comments:

Powered by Blogger.