အသံတိတ်လူသတ်သမား (ဖီးကြမ်းငှက်ပျောသီး)
(#အသံတိတ် #လူသတ်သမား) :O
ကိုယ်တွေ့လေးမို့ ပြောပြအုန်းမယ် အားကစားလုပ်တော့ ငှက်ပျော ဖီးကြမ်းစားမှဖြစ်မယ်ဆိုပြီး ဝယ်လာတယ် ဝယ်တဲ့နေ့  ဝင်းနေတော့ ၂လုံး စားတယ် နည်းနည်း ရင်ပူတာခံစားရတယ်
ငှက်ပျောသီးကြောင့်လို့  ထင်မထားဘူး ည အိပ်ယာဝင် တစ်လုံးစားတော့ အတော် သိသာလာတယ် တစ်ညလုံး ရင်တွေပူ မနက်လည်း တစ်နေကုန် ရင်တွေပူ ပျို့ အန် အတော်ခံစားရတယ်
ဘာကြောင့်လည်း စဉ်စားရခက်ချိန် ငါးရောင်း ပြန်ရောက် ချိတ်ထားတဲ့ ငှက်ပျောဖီးကြည့်လိုက်တော့ အတော်လန့် သွားတယ်
ပုံမှာ အတိုင်း အရည်တွေ ပျော်ကျ မဲကုန်ပြီး အတွင်းသားတွေက အရည်ပျော်ကုန်တယ်
သဘာဝ ငှက်ပျောက ကြာလည်း အမှည့် လွန်တာကလွဲ၍ အရည်ပျော်မကျဘူးလေ.....
ခြံထွက်မဟုတ်ရင် စားဖို့ အတော် ခက်သွားပြီ
ဈေးကွက်တစ်ခု ရဖို့ အတွက် လူတွေရဲ့ ဘဝ ပေးဆပ်ကြရတော့မယ်
ဒါတွေ စစ်ဆေး မပေးနိုင်ရင်တော့ အနာဂတ်အတွက် ရင်လေးစရာပါပဲ မိမိ အဆင်ပြေပြီးရော ကျန်လူ ဘာဖြစ်ဖြစ်တော့ မလုပ်သင့်ဘူးထင်တယ်
ပြိုင်ဆိုင်မှု များတာ လက်ခံပေမဲ့ လူသားတွေ အဆိပ်ဖြစ်စေတဲ့ နည်းတွေတေ နည်းနိုင်အောင် ရှောင်ကြဉ် ကြစေချင်တယ်ဗျာ
( ဆေးစိမ်ငှက်ပျော သတိပြုစေချင် )
No comments: