ခြောက်လအတွင်း တရားမ၀င်မြန်မာလုပ်သားအားလုံးကို သက်သေခံလက်မှတ် ထုတ်ပေးမည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးပြောကြား
ခြောက်လအတွင်း တရားမ၀င်မြန်မာလုပ်သားအားလုံးကို သက်သေခံလက်မှတ် ထုတ်ပေးမည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးပြောကြား
................................
Byငြိမ်းချမ်းOn Fri, 2017-07-07
ထိုင်းအစိုးရက ဥပဒေသစ်ကို ဆိုင်းငံ့ပေးထားသည့် ခြောက်လအတွင်း ထိုင်းရောက် တရားမ၀င်မြန်မာလုပ်သားအားလုံးကို မည်သူမည်ဝါဖြစ်ကြောင်း ထောက်ခံချက်(CI)လက်မှတ်များ အပြီးထုတ်ပေး နိုင်ရန် ဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိတွင် ဖမ်းဆီးမှုများ မရှိတော့ ကြောင်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းက ပြော သည်။
ထိုင်းရောက်တရားမ၀င် မြန်မာလုပ်သားအားလုံးကို CI လက်မှတ် များအပြီးထုတ်ပေးရန် လက်ရှိထုတ်ပေးနေသည့် CI စခန်းခြောက်ခုကို စက်အင်အား၊ လူ အင်အားများ တိုးချဲ့၍ ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း သံအမတ်ကြီးဦးမျိုးမြင့်သန်းက 7Day Daily သတင်းစာအားပြောသည်။
‘‘အခုဝန်ကြီးဌာနချင်း ညှိ ထားပါတယ်။ အလုပ်သမားတွေ ဘယ်နှယောက်က အထောက်အ ထားမရတာ၊ စာရွက်စာတမ်းမရ တာက ဘယ်နှယောက်အဲဒီလို ဆွေးနွေးပေးဖို့လိုတယ်လို့ဝန်ကြီး ကို တင်ပြထားတာပေါ့။ အဲဒါတွေ ညှိနေကြပါတယ်။ အခု CI စခန်း တွေမှာရှိနေတဲ့ လူအင်အား၊ စက် အားနဲ့ မလောက်ရင် ထပ်ဖြည့်ပါ့ မယ်။ အခု သူတို့က ရက်ပေါင်း ၁၈၀ ထပ်တိုးပေးထားတာပေါ့။ အဲဒီကာလအတွင်းမှာ အပြီးလုပ် ပေးနိုင်အောင် ဆောင်ရွက်ပေး သွားမှာပါ’’ ဟု သံအမတ်ကြီးက ပြောသည်။
‘‘CI စခန်းကတော့ စခန်း တစ်ခုကို တစ်နေ့လူဦးရေ ၅၀၀ ထက်ပိုပြီး လုပ်မပေးနိုင်ဘူး။ ၅၀၀ ဆိုတာ တော်တော်လေးကို လုပ်ပေးရတယ်။ညအထိလုပ်ပေးရတယ်။ ပုံမှန်က ၂၀၀ ကနေ၅၀၀ အထိပဲလာလုပ်ကြတယ်’’ ဟု မ ဟာချိုင်မြို့တွင် CI စခန်းဖွင့်လှစ်ထားသူတစ်ဦးက ပြောသည်။ CI ထုတ်ပေးရန် မဲဆောက်၊ မယ်ဆိုင်၊ ရနောင်း၊ ဘန်ကောက်တို့ တွင် စခန်းတစ်ခုစီနှင့် မဟာချိုင်၌ စခန်းနှစ်ခု စုစုပေါင်းစခန်းခြောက်ခု ဖွင့်လှစ်ထားသည်။
ထို့အပြင် ထိုင်းသို့ MoU စနစ်ဖြင့် ၀င်ရောက်လုပ်ကိုင်နေ သော မြန်မာလုပ်သားများအ တွက် အသိပေးကြေညာချက်ကို ဇူလိုင် ၇ ရက်တွင် မြန်မာအလုပ် သမားသံအရာရှိရုံးက ထုတ်ပြန်ခဲ့ သည်။ ယင်းကြေညာချက်တွင် MoU ဖြင့်ဝင်ရောက်လုပ်ကိုင် သော အလုပ်သမားများအနက် အလုပ်လုပ်ခွင့်လက်မှတ်မရှိခြင်း နှင့် လက်ရှိလုပ်ကိုင်နေသော အလုပ်နှင့် မတူညီခြင်းများကို ဒီဇင်ဘာ ၃၁ ရက်နောက်ဆုံးထား ၍ မိမိတို့အလုပ်ရှင်နှင့် ညှိနှိုင်းကာ ကြိုတင်စီစဉ်ဆောင်ရွက်ရန်ဟု ပါရှိသည်။
လက်ရှိ၌ ထိုင်းရဲတပ်ဖွဲ့က မြန်မာလုပ်သားများကို ဖမ်းဆီးမှု များရပ်နားထားပြီး လာမည့် ရက် ပိုင်းအတွင်း မြန်မာလုပ်သားများ အတွက် ကြေညာချက်တစ်စောင် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သံ အမတ်ကြီးက ပြောသည်။
‘‘ပြန်တာပဲ ရှိသေးတယ်။ ပြန်တာကတော့ ထုံးစံအတိုင်းပေါ့ နော်။ ပြန်ကြတာကလည်း စိုးရိမ် လို့ဖြစ်နေတာပါ။ အခုလောလော ဆယ်တော့ ရက်ပေါင်း ၁၈၀ အ တွင်းမှာ ဘာမှမလုပ်သေးဘူးပေါ့။ အဲဒီရက်ကုန်၊ နှစ်ကုန်ကျမှ လုပ် မယ်ပေါ့။ အဲဒီတော့ ဒီကာလအ တွင်းမှာ အလုပ်ရှင်ကလည်း လုပ် ပေးရမယ့်တာဝန်တွေရှိတယ်။ အ လုပ်သမားကလည်း လုပ်ပေးရ မယ့်တာဝန်ရှိတယ်။ ဒီခြောက် လအတွင်းမှာ ပြည့်စုံအောင်လုပ် ကြပေါ့’’ ဟု ၎င်းကပြောသည်။
ထိုင်းနိုင်ငံတွင် တရားမ၀င် နေထိုင်မှုဖြင့် ဖမ်းဆီးခံထားရ သော မြန်မာလုပ်သား ၁၂,၀၀၀ ကျော်အနက် တစ်သောင်းခန့်ကို မြန်မာဘက်သို့ တရားဝင်ပြန်ပို့ ထားပြီး ခုနစ်ရက်အတွင်း နေရပ်ပြန်လာသည့် မြန်မာလုပ်သားစုစုပေါင်းသုံးသောင်းခန့်ရှိသည်။
ထိုင်းနိုင်ငံတွင် ပန်းရောင် ကတ်ကိုင်ဆောင်ထားသော မြန် မာလုပ်သား ရှစ်သိန်းကျော်ကို CI များထုတ်ပေးထားသည်။ ထို့အ ပြင် မြန်မာလုပ်သား တစ်သန်းခွဲ ကျော်ကိုလည်း ယာယီပတ်စ်ပို့ စာအုပ်များ ထုတ်ပေးထားသည်။
No comments: