adster160 /320

【 ျပည္တြင္း 】ျပည္ႀကီးတံခြန္ျမိဳ႕နယ္အတြင္းရွိ ဂုိေထာင္တစ္ခုအတြင္းမွ စိတ္ၾကြေဆးျပား ၁၂သိန္းေက်ာ္ ဖမ္းဆီးရမိ

【  ျပည္တြင္း  】ျပည္ႀကီးတံခြန္ျမိဳ႕နယ္အတြင္းရွိ ဂုိေထာင္တစ္ခုအတြင္းမွ စိတ္ၾကြေဆးျပား ၁၂သိန္းေက်ာ္ ဖမ္းဆီးရမိ
=================================================
မႏၲေလး၊ဇူလုိင္ ၅

မႏၲေလး ျပည္ႀကီးတံခြန္ၿမိဳ႕နယ္အတြင္းက ေသာ့ပိတ္ထားတဲ႔ ဂိုေထာင္ တစ္လံုးကို ဒီေန႔(ဇူလုိင္ ၅ ရက္)မနက္ပိုင္းက သတင္းအရ ၀င္ေရာက္ ရွာေဖြတာမွာ ပန္းေရာင္စိတ္ၾကြေဆးျပား ၁၂ သိန္း ၆ ေသာင္းေက်ာ္ ပါ
ေမာ္ေတာ္ယာဥ္ ၂ စီးအပါအ၀င္ စုစုေပါင္းေမာ္ေတာ္ယာဥ္ ၅ စီးနဲ႔ ဆက္စပ္ ပစၥည္းေတြ ဖမ္းဆီးရမိလုိက္တယ္လုိ႔ နယ္ေျမခံသတင္း တပ္ဖြဲ႕တာ၀န္ရွိ သူေတြ ဆီကသိရပါတယ္။

မနက္ ၁၀ နာရီခြဲအခ်ိန္ခန္႔က မူးယစ္တပ္ခြဲ ၁ မွ ဒုရဲမွဴးႀကီးေက်ာ္ဆန္း ဦးစီးၿပီး မူးယစ္တပ္စု ၁၈  ရဲမွဴးကိုကိုေလး ဦးစီးအဖြဲ႕၊ မူးယစ္တပ္စု ၁၇ မွ ရဲမွဴး စိုင္းသိန္းေဇာ္ဦးစီးအဖြဲ႕တုိ႔ပါ၀င္တဲ႔ပူးေပါင္းအဖြဲ႕ဟာ သက္ေသေတြနဲ႔ အတူ ေက်ာ္၀င္း(ခ)လ်ိဳရုန္းခ်မ္းရဲ႕ေနအိမ္ျဖစ္တဲ႔ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ၅၈  လမ္း နဲ႔ ဗညားဒလလမ္းေထာင့္၊ ညည ၁၄/၅၅ မွတစ္ဆင့္ အိမ္ေစာင့္
ေအာင္မင္းထြန္းအား ေခၚယူၿပီး ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ (င) ရပ္ကြက္၊ ညည ၂/၇၅ ဂို ေထာင္အားလုိက္လံျပသေစရာ ဂုိေထာင္မွာေသာ့ပိတ္လ်က္
ေတြ႕ရတာေၾကာင့္ သက္ေသေတြနဲ႔အတူ ေသာ့ဖ်က္၀င္ေရာက္ရွာေဖြရာမွ စိတ္ၾကြေဆးျပား ေတြဖမ္းဆီးရမိလုိက္တာျဖစ္တယ္လုိ႔ အဲဒီတာ၀န္ရွိသူ ကေျပာပါတယ္။

ဂိုေထာင္အတြင္း ယာဥ္အမွတ္ 5E/5777 ပါ LINCOLN NAVIGATOR STATION WAGON (4X4) အမ်ိဳးအစားအနက္ေရာင္ကား ၁ စီး၊ ယာဥ္အမွတ္ 7K/7582 ပါ TOYOTA HIACE MINIBUS အျဖဴေရာင္ကား ၁ စီး၊ ၄င္းကားေပၚမွ အ၀ါေရာင္ဆာလာအိတ္နဲ႔ထည့္ထားတဲ႔ 88/1 စာတမ္းပါ ပန္းေရာင္စိတ္ၾကြေဆးျပား ၆၀၀၀ ျပားစီပါ ၁၉ ထုပ္၊ စုစုေပါင္းေဆးျပား ၁၁၄၀၀၀ ျပား၊ အေလးခ်ိန္ ၁၁ ဒသမ ၄ ကီလိုဂရမ္ နဲ႔ Spare Wheel ၂ လံုးအတြင္းမွ 88/1 စာတမ္းပါ ပန္းေရာင္စိတ္ၾကြ
ေဆးျပား ၆၀၀၀ ျပားစီပါ ၇၅ ထုပ္၊ စုစုေပါင္းေဆးျပား ၄၅၀၀၀၀ ျပား၊ အေလးခ်ိန္ ၄၅ ကီလို ဂရမ္၊ ယာဥ္အမွတ္ 2E/4168 TOYOTA HILUX SURF အမ်ိဳးအစား အျဖဴေရာင္ကား ၁ စီး နဲ႔ ၄င္းကားေပၚပါ Spare Wheel အတြင္းမွ 88/1 စာတမ္းပါ ပန္းေရာင္စိတ္ၾကြေဆးျပား ၆၀၀၀ ျပားစီပါ ၄၂ ထုပ္၊ ၂၀၀၀ ျပားစီပါ ၂ ထုပ္၊ စုစုေပါင္းေဆးျပား ၂၅၆၀၀၀ ျပား၊ အေလးခ်ိန္ ၂၅ ဒသမ ၆ ကီလိုဂရမ္ တို႔ကိုကနဦးဖမ္းဆီးရမိလိုက္တာျဖစ္ၿပီး ေက်ာ္၀င္းရဲ႕ေနအိမ္ကိုဆက္လက္ရွာေဖြတာမွာေတာ့ မူးယစ္ေဆး၀ါး တစ္စံု တစ္ရာေတြ႕ရွိျခင္းမရွိဘဲ ယာဥ္ အမွတ္ 2L/3059 နံပါတ္ပါ CHEVROLET SPARK HATCH BACK အမ်ိဳးအစားအနီေရာင္အိမ္စီးကား ၁ စီး၊ ယာဥ္အမွတ္ 4N/5777 နံပါတ္ပါ CHEVROLET SPARK HATCH BACK အမ်ိဳးအစားအနက္ေရာင္အိမ္စီးကား ၁ စီး၊ ေသာ့ပိတ္ထားတဲ ႔ မီးခံေသတၱာႏွစ္လံုး အတြင္းမွ ျမန္မာေငြစကၠဴ ၃၆၀ သိန္းက်ပ္၊ အေလးခ်ိန္ ၁၀ က်ပ္သားရွိ ေရႊတံုး ၁၂ တံုး၊ ေရႊလက္ကိုင္အိတ္ ၁ လံုး၊ ေရႊထည္မ်ိဳးစံု (ဆြဲႀကိဳး၊ လက္စြပ္၊ ဆြဲသီး၊ နားကပ္၊ လက္ေကာက္၊ စိန္လက္ေကာက္) ပန္းထိမ္မွတ္ေက်ာက္တင္ရန္စိစစ္ဆဲတုိ႔ကို ရွာေဖြေတြ႕ရွိခဲ႔ တယ္လို႔ သိရ ပါတယ္။

အဲဒီေနာက္ မြန္းလြဲ ၃ နာရီမွာ သိမ္းဆည္းရမိတဲ႔ေမာ္ေတာ္ယာဥ္ ၅ စီးအား မူးယစ္တပ္စု ၁၈ ဆီယူေဆာင္ၿပီး ကၽြမ္းက်င္တဲ႔၀ပ္ေရွာ့ဆရာေတြနဲ႔အတူ အေသးစိတ္ဆက္လက္ရွာေဖြတာမွာ ယာဥ္အမွတ္ 2E/4168 TOTOTA HILUX SURF ကားၾကမ္းခင္းဆီတုိင္ကီအံ၀ွက္အတြင္းမွ 88/1 စာတမ္းပါ ပန္း ေရာင္စိတ္ၾကြေဆးျပား ၆၀၀၀ ျပားစီပါ ၇၄ ထုပ္၊ စုစုေပါင္းေဆးျပား ၄၄၄၀၀၀ ျပား၊ အေလးခ်ိန္ ၄၄ ဒသမ ၄ ကီလိုဂရမ္ ထပ္မံ သိမ္းဆည္း ရမိ ခဲ႔တယ္လုိ႔ လည္းသိရပါတယ္။

ဖမ္းဆီးရမိလိုက္တဲ႔စိတ္ၾကြေဆးျပားေတြဟာ စုစုေပါင္း ၁၂၆၄၀၀၀ ျပားရွိေၾကာင္း၊ လက္ရွိအေျခအေနမွာ ေအာင္မင္းထြန္း အားစစ္ေဆးေန သလို ေမာ္ေတာ္ယာဥ္ ၅ စီးကိုလည္း အေသးစိတ္ စစ္ေဆး ရွာေဖြ
ေနေၾကာင္း၊ အမႈဖြင့္အေရးယူႏုိင္ဖုိ႔နဲ႔ ကြင္းဆက္တရားခံေပၚေပါက္ဖို႔ ေဆာင္ရြက္ေနေၾကာင္း သိရပါတယ္။

KT 

( unicode )

【  ပြည်တွင်း  】ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ဂိုထောင်တစ်ခုအတွင်းမှ စိတ်ကြွဆေးပြား ၁၂သိန်းကျော် ဖမ်းဆီးရမိ
=================================================
မန္တလေး၊ဇူလိုင် ၅

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်အတွင်းက သော့ပိတ်ထားတဲ့ ဂိုထောင် တစ်လုံးကို ဒီနေ့(ဇူလိုင် ၅ ရက်)မနက်ပိုင်းက သတင်းအရ ဝင်ရောက် ရှာဖွေတာမှာ ပန်းရောင်စိတ်ကြွဆေးပြား ၁၂ သိန်း ၆ သောင်းကျော် ပါ
မော်တော်ယာဉ် ၂ စီးအပါအဝင် စုစုပေါင်းမော်တော်ယာဉ် ၅ စီးနဲ့ ဆက်စပ် ပစ္စည်းတွေ ဖမ်းဆီးရမိလိုက်တယ်လို့ နယ်မြေခံသတင်း တပ်ဖွဲ့တာဝန်ရှိ သူတွေ ဆီကသိရပါတယ်။

မနက် ၁၀ နာရီခွဲအချိန်ခန့်က မူးယစ်တပ်ခွဲ ၁ မှ ဒုရဲမှူးကြီးကျော်ဆန်း ဦးစီးပြီး မူးယစ်တပ်စု ၁၈  ရဲမှူးကိုကိုလေး ဦးစီးအဖွဲ့၊ မူးယစ်တပ်စု ၁၇ မှ ရဲမှူး စိုင်းသိန်းဇော်ဦးစီးအဖွဲ့တို့ပါဝင်တဲ့ပူးပေါင်းအဖွဲ့ဟာ သက်သေတွေနဲ့ အတူ ကျော်ဝင်း(ခ)လျိုရုန်းချမ်းရဲ့နေအိမ်ဖြစ်တဲ့ ပြည်ကြီးတံခွန်မြို့နယ် ၅၈  လမ်း နဲ့ ဗညားဒလလမ်းထောင့်၊ ညည ၁၄/၅၅ မှတစ်ဆင့် အိမ်စောင့်
အောင်မင်းထွန်းအား ခေါ်ယူပြီး ပြည်ကြီးတံခွန်မြို့နယ် (င) ရပ်ကွက်၊ ညည ၂/၇၅ ဂို ထောင်အားလိုက်လံပြသစေရာ ဂိုထောင်မှာသော့ပိတ်လျက်
တွေ့ရတာကြောင့် သက်သေတွေနဲ့အတူ သော့ဖျက်ဝင်ရောက်ရှာဖွေရာမှ စိတ်ကြွဆေးပြား တွေဖမ်းဆီးရမိလိုက်တာဖြစ်တယ်လို့ အဲဒီတာဝန်ရှိသူ ကပြောပါတယ်။

ဂိုထောင်အတွင်း ယာဉ်အမှတ် 5E/5777 ပါ LINCOLN NAVIGATOR STATION WAGON (4X4) အမျိုးအစားအနက်ရောင်ကား ၁ စီး၊ ယာဉ်အမှတ် 7K/7582 ပါ TOYOTA HIACE MINIBUS အဖြူရောင်ကား ၁ စီး၊ ၎င်းကားပေါ်မှ အဝါရောင်ဆာလာအိတ်နဲ့ထည့်ထားတဲ့ 88/1 စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၆၀၀၀ ပြားစီပါ ၁၉ ထုပ်၊ စုစုပေါင်းဆေးပြား ၁၁၄၀၀၀ ပြား၊ အလေးချိန် ၁၁ ဒသမ ၄ ကီလိုဂရမ် နဲ့ Spare Wheel ၂ လုံးအတွင်းမှ 88/1 စာတမ်းပါ ပန်းရောင်စိတ်ကြွ
ဆေးပြား ၆၀၀၀ ပြားစီပါ ၇၅ ထုပ်၊ စုစုပေါင်းဆေးပြား ၄၅၀၀၀၀ ပြား၊ အလေးချိန် ၄၅ ကီလို ဂရမ်၊ ယာဉ်အမှတ် 2E/4168 TOYOTA HILUX SURF အမျိုးအစား အဖြူရောင်ကား ၁ စီး နဲ့ ၎င်းကားပေါ်ပါ Spare Wheel အတွင်းမှ 88/1 စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၆၀၀၀ ပြားစီပါ ၄၂ ထုပ်၊ ၂၀၀၀ ပြားစီပါ ၂ ထုပ်၊ စုစုပေါင်းဆေးပြား ၂၅၆၀၀၀ ပြား၊ အလေးချိန် ၂၅ ဒသမ ၆ ကီလိုဂရမ် တို့ကိုကနဦးဖမ်းဆီးရမိလိုက်တာဖြစ်ပြီး ကျော်ဝင်းရဲ့နေအိမ်ကိုဆက်လက်ရှာဖွေတာမှာတော့ မူးယစ်ဆေးဝါး တစ်စုံ တစ်ရာတွေ့ရှိခြင်းမရှိဘဲ ယာဉ် အမှတ် 2L/3059 နံပါတ်ပါ CHEVROLET SPARK HATCH BACK အမျိုးအစားအနီရောင်အိမ်စီးကား ၁ စီး၊ ယာဉ်အမှတ် 4N/5777 နံပါတ်ပါ CHEVROLET SPARK HATCH BACK အမျိုးအစားအနက်ရောင်အိမ်စီးကား ၁ စီး၊ သော့ပိတ်ထားတဲ့ မီးခံသေတ္တာနှစ်လုံး အတွင်းမှ မြန်မာငွေစက္ကူ ၃၆၀ သိန်းကျပ်၊ အလေးချိန် ၁၀ ကျပ်သားရှိ ရွှေတုံး ၁၂ တုံး၊ ရွှေလက်ကိုင်အိတ် ၁ လုံး၊ ရွှေထည်မျိုးစုံ (ဆွဲကြိုး၊ လက်စွပ်၊ ဆွဲသီး၊ နားကပ်၊ လက်ကောက်၊ စိန်လက်ကောက်) ပန်းထိမ်မှတ်ကျောက်တင်ရန်စိစစ်ဆဲတို့ကို ရှာဖွေတွေ့ရှိခဲ့ တယ်လို့ သိရ ပါတယ်။

အဲဒီနောက် မွန်းလွဲ ၃ နာရီမှာ သိမ်းဆည်းရမိတဲ့မော်တော်ယာဉ် ၅ စီးအား မူးယစ်တပ်စု ၁၈ ဆီယူဆောင်ပြီး ကျွမ်းကျင်တဲ့ဝပ်ရှော့ဆရာတွေနဲ့အတူ အသေးစိတ်ဆက်လက်ရှာဖွေတာမှာ ယာဉ်အမှတ် 2E/4168 TOTOTA HILUX SURF ကားကြမ်းခင်းဆီတိုင်ကီအံဝှက်အတွင်းမှ 88/1 စာတမ်းပါ ပန်း ရောင်စိတ်ကြွဆေးပြား ၆၀၀၀ ပြားစီပါ ၇၄ ထုပ်၊ စုစုပေါင်းဆေးပြား ၄၄၄၀၀၀ ပြား၊ အလေးချိန် ၄၄ ဒသမ ၄ ကီလိုဂရမ် ထပ်မံ သိမ်းဆည်း ရမိ ခဲ့တယ်လို့ လည်းသိရပါတယ်။

ဖမ်းဆီးရမိလိုက်တဲ့စိတ်ကြွဆေးပြားတွေဟာ စုစုပေါင်း ၁၂၆၄၀၀၀ ပြားရှိကြောင်း၊ လက်ရှိအခြေအနေမှာ အောင်မင်းထွန်း အားစစ်ဆေးနေ သလို မော်တော်ယာဉ် ၅ စီးကိုလည်း အသေးစိတ် စစ်ဆေး ရှာဖွေ
နေကြောင်း၊ အမှုဖွင့်အရေးယူနိုင်ဖို့နဲ့ ကွင်းဆက်တရားခံပေါ်ပေါက်ဖို့ ဆောင်ရွက်နေကြောင်း သိရပါတယ်။

KT

No comments:

Powered by Blogger.