adster160 /320

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ညီညွတ်ရေး လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲကြီး သီတဂူနိုင်ငံတကာ ဗုဒ္ဓအကယ်ဒမီ(ရန်ကုန်)တွင် ယနေ့စတင်ကျင်းပ” ====================

[   ပြည်တွင်း  ] "ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ညီညွတ်ရေး လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲကြီး သီတဂူနိုင်ငံတကာ ဗုဒ္ဓအကယ်ဒမီ(ရန်ကုန်)တွင် ယနေ့စတင်ကျင်းပ”
=======================================

ရန်ကုန် သြဂုတ် ၅

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ လုံခြုံရေးဆိုင်ရာ (Interfaith Dialogue for Peace, Harmony and Security) အစည်းအဝေးကြီးကို ယနေ့ သြဂုတ် ၅ ရက် နံနက် ၈ နာရီခွဲအချိန်တွင် သီတဂူနိုင်ငံတကာ ဗုဒ္ဓအကယ်ဒမီ(ရန်ကုန်)တွင် စတင်ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားသို့ ကြွရောက်လာကြသည့် နိုင်ငံတကာမှ ကိုယ်စားလှယ်တော်များအား သီတဂူဆရာတော် ဘုရားကြီး ဒေါက်တာအရှင်ဥာဏိဿရမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး အခမ်းအနားကို အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပခဲ့ကြပါတယ်။ဆက်လက်၍ ဆရာတော်အရှင်ဥာဏိဿရ၏ ဖိတ်ကြားမှုဖြင့် ရောက်ရှိလာသည့် အိန္ဒိယနိုင်ငံ၊ အူတာပရာဒက်ရှ် ပြည်နယ်အုပ်ချုပ်ရေးမှူးရှရီရမ်နာခ် ၊ဂျပန်နိုင်ငံ ခြားရေးဝန်ကြီး မစ္စတာနိုဘူအိုကီရှီ နှင့် နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းတို့က အခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပြီး  ယခုဆွေးနွေးပွဲကြီးအား အောင်မြင်ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုး ပေးခဲ့သော တိုကျိုဖောင်ဒေးရှင်းမှ အမှုဆောင်ဒုဥက္ကဋ္ဌ မစ္စဟီရိုကိုထစုကာ ကလည်း ကျေးဇူးတင်စကား ပြန်လည် ပြောကြားပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ လုံခြုံရေး ဆိုင်ရာ အစည်းအဝေးပွဲကြီးကို ယနေ့ သြဂုတ် ၅ ရက်နှင့် သြဂုတ် ၆ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်တွင် ကျင်းပ ပြုလုပ်သွားမှာဖြစ်ပြီး သီရီလင်္ကာ၊ အိန္ဒိယ၊ ဗီယက်နမ်၊ ထိုင်း၊ မွန်ဂိုလီးယား၊ ဂျပန်နှင့် ဆွစ်ဇာလန် အစရှိသည့်နိုင်ငံပေါင်း ၂၇ နိုင်ငံမှ  ဘာသာရေးခေါင်းဆောင် ပညာရှင်ပေါင်း ၂၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ပြေသိမ်း
Photo Credit - HTOO Group of Companies

No comments:

Powered by Blogger.