adster160 /320

တပ်မတော်မရှိရင်ဘာဖြစ်သွားမလဲ၊ တပ်မတော်ကိုအရမ်း ချစ်ပြနကြတဲ့သူတွေကို- မင်းတို့အဘတွေအကြောင်းပြောပြမယ်။

တပ်မတော်မရှိရင်ဘာဖြစ်သွားမလဲ၊ တပ်မတော်ကိုအရမ်း

ချစ်ပြနကြတဲ့သူတွေကို- မင်းတို့အဘတွေအကြောင်းပြောပြမယ်။
***************************************************************************
၃၁. ၇. ၂၀၁၇

၁၉၆၂ ခုဦးနေဝင်းမတရားအာဏာသိမ်းပြီးတဲ့နောက်- တိုင်းပြည်ကိုတပ်မ

တော်ခေါင်းဆောင်တွေအုပ်ချုပ်လာခဲ့ကြတာ- တိုင်းပြည်ဘာဖြစ်သွားသလဲ

ဆိုတာအောက်ဖော်ပြပါအမှတ်အစဉ်အတိုင်းရေးသားထောက်ပြသွားမှာဖြစ်

ပါတယ်။

၁။ တိုင်းပြည်တပြည်ရဲ့အဓိကမဏ္ဍှိုင်ကြီးများဖြစ်တဲ့ ဥပဒေပြုမဏ္ဍိုင်၊ တရားစီ

ရင်ရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်သုံးစားလို့မရအောင်ပျက်စီးယိုယွင်းသွားခဲ့

တယ်။

၂။ ချမ်းသာပါလျှက်နှင့် နိုင်ငံရဲ့စီပွါးရေးအောက်ဆုံးအဆင့်ထိထိုးကျသွား

အောင်လုပ်ခဲ့ကြတယ်။

၃။ နိုင်ငံရဲ့ပညာရေးကိုလည်း- ကမ္ဘာအဆင့်မမှီအောင်အုပ်ချုပ်သူလူတန်းစား

များကပြဌါန်းခဲ့ကြတယ်။

၎။ ကျန်းမာရေးစောက်ရှောက်မှုဆိုတာလည်း- စုတ်ပြတ်သပ်နေတာသိတဲ့

အတိုင်းပဲ။

၅။ အားကစားကိုပြန်ကြည့်ရင်လည်း- ကမ္ဘာနဲ့ရင်ဘောင်တန်းဖို့အလှမ်းဝေးခဲ့

ရတယ်။ ( အခုမှနဲနဲထွန်းပေါက်လာတယ်လို့ပြောရမှာက- ဘောလုံးတခုထဲ

ကိုပဲရှိသေးတယ်။ ) ကျန်တဲ့အားကစားတွေကချောင်ထိုးခံထားရစဲ။

၆။ လူမူရေးမှာဆိုရင်လည်းအရင်ကဆို- သိတဲ့အတိုင်းပဲ, လူမှု့အသိတရားခေါင်း

ပါးနေကြတယ်။ ( အခုမှသာတပ်မတော်ခေါင်းဆောင်တချို့နဲနဲပါးပါးလှူဒါန်း

နေတာတွေ့ရှိရတယ်။

၇။ သယံဇာတပေါကြွယ်ဝတဲ့နိုင်ငံကို- ဆင်းရဲတဲ့နိုင်ငံဖြစ်အောင်အုပ်ချုပ်သူ

လူတန်းစားအဆက်ဆက်ကခိုးယူကာ- ထင်ရာစိုင်းအုပ်ချုပ်ခဲ့ကြတယ်။

၈။ နိုင်ငံကိုကောင်းစေချင်တဲ့သူများအားဖမ်းဆီးချုပ်နှောင်ဖမ်းဆီးသတ်ဖြတ်

အရေးယူအပြစ်ပေးခဲ့ကြတယ်။ အဲဒီခေတ်အဆက်ဆက်တပ်မတော်ခေါင်း

ဆောင်တွေရဲ့ ထင်သလိုအုပ်ချုပ်ခဲ့မှုကြောင့်- အထက်ဖော်ပြပါဆိုးကျိုးတွေ

ကိုခံစာလာခဲ့ကြရမှန်းသိပါလျှက်နှင့် တပ်မတော်ကအဘတွေထိရင်ဆဆ်

ဆဆ်ထိမခံဖြစ်နေကြတဲ့၊ တပ်မတော်မရှိရင်ဘာဖြစ်သွားမလဲဆိုတာပြောဆို

နေတဲ့သူတွေဟာဘယ်လိုလူစား၊ ဘယ်လိုအဆင့်အတန်းမှာရှိနေတယ်ဆို

တာသိရှိကြဖို့လိုပါတယ်။ အဲဒီလူတွေဟာအရမ်းကိုအောက်တန်းကျပြီး- နိုင်ငံ

ကိုစစ်ကျွန်ဘဝရောက်အောင်တမင်ဖန်တီးသွေးထိုးလှုပ်ဆော်ကာဝါဒဖြန့်ချီ

နေတဲ့လူတွေပါပဲ။

နောက်ဆုံးပြောလိုက်မယ်- ပြည်ပစစ်မရှိပဲနဲ့ တပ်မတော်မရှိရင်ဘာဖြစ်သွားမ

လဲပြောဆိုနေတဲ့သူတွေကိုပြောချင်တာက........တပ်မတော်မရှိရင်တိုင်းပြည်

အေးချမ်းသွားမယ်ဆိုတာပဲ- ရှင်းလားမသိဘူး။ ပြီးတော့- ပြည်တွင်းစစ်မရှိရင်

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီးချမ်းသာသွားမယ်။

( ကိုဗလိုင် )

No comments:

Powered by Blogger.