ထိုင်းအစိုးရသစ်ဟာ ဗုဒ္ဓဘာသာ ထွန်းကားရေးအတွက် သံဃာတော်တွေ သီလချိုးဖေါက်မှုကို
အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တဦးကို ကာမရာဂ ပြုကျင့်မှု အတွက် ထိုင်းအစိုးရ အလိုရှိနေတဲ့ သံဃာတပါးကို အမေရိကန် အာဏာပိုင် တွေက ဒီကနေ့ည ဘန်ကောက်မြို့ ပြန်ပို့မှာဖြစ်ပါတယ်။ အဲဒီ Wirapol Sukphol ဝီရပို ဆွတ်ဖိုး ဆိုတဲ့ ထိုင်းဘုန်းကြီးဟာ ၂ဝ၁၃ ခုနှစ်က ကိုယ်ပိုင်ဂျက်လေယာဉ်စီးပြီး တန်ဖိုးကြီးမားတဲ့ Louis Vuitton လူဝီစ်း ဗီတွန်း လက်ကိုင်အိတ် ကိုင်ဆောင်တဲ့အတွက် နံမည်ပျက်ခဲ့တဲ့ ဆရာတော်ပါ။
အဲဒီနှစ်ထဲမှာပဲ အရွယ်မရောက်သေးတဲ့ ကလေးတဦးနဲ့ လိင်ဆက်ဆံမှု အတွက် သံဃာအဖြစ်က လူဝတ်လဲခံရပြီးနောက်မှာ အမေရိကန်ပြည်ထောင်စု ကို ထွက်ပြေးခဲ့ပါတယ်။
သူ့ကို ထိုင်းအစိုးရက အရွယ်မရောက် ကလေးသူငယ်ကို မဖွယ်မရာပြုမှု၊ ကလေးပြန်ပေးဆွဲမှု၊ ငွေကြေးခဝါချမှုနဲ့ ကွန်ပြူတာအင်တာနက် အလွဲသုံးမှု စတာတွေနဲ့ အခု စွဲချက်တင်ထားတဲ့အတွက် အမေရိကန်ပြည်ထောင်စု က ပြန်ပို့မှာဖြစ်ပါတယ်။
ထိုင်းအစိုးရသစ်ဟာ ဗုဒ္ဓဘာသာ ထွန်းကားရေးအတွက် သံဃာတော်တွေ သီလချိုးဖေါက်မှုကို ပြီးခဲ့တဲ့ မတ်လကစပြီး ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်း ခဲ့ရာမှာ ဘန်ကောက်မြို့က နံမည်ကျော် ဘုန်းတော်ကြီး နောက်တပါးကိုလည်း ငွေမဲခဝါချမှုနဲ့ ဖမ်းဝရမ်းထုတ်ထားပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံတဝန်းမှာရှိတဲ့ ဘုန်းကြီးကျောင်းတိုက်တွေ ပိုင်ဆိုင်ငွေစာရင်း ထုတ်ပြန်ကြေညာရမယ့် ဥပဒေသစ်တခုကို နိုင်ငံတော် ဗုဒ္ဓဘာသာအဖွဲ့ က အဆိုပြုဖို့ အခု ပြင်ဆင်နေပါတယ်။
#FB_Cele
No comments: