adster160 /320

လက်နက်ကိုင်အဖွဲ့၏ ငွေကြေးကောက်ခံနေမှုကြောင့် ဖားကန့်-မြစ်ကြီးနားကားလမ်းတွင် ကားအစီးရေ ၂၀၀ ကျော် ပိတ်မိနေ ....

လက်နက်ကိုင်အဖွဲ့၏ ငွေကြေးကောက်ခံနေမှုကြောင့် ဖားကန့်-မြစ်ကြီးနားကားလမ်းတွင် ကားအစီးရေ ၂၀၀ ကျော် ပိတ်မိနေ ....
ဇူလိုင် ၂၀ ၂၀၁၇
ယနေ့ (ဇူလိုင် ၂၀ရက်)နံနက် ၉:၀၀ နာရီ ချိန်တွင် ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ ဖားကန့်-မြစ်ကြီးနားလမ်း ၊နန့်တိန်းနှင့် လုံးခင်းကျေးရွားအနီးက လယ်ပြင်ကျေးရွာ ကြားတွင် ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများ အစီး ၂၀၀ကျော် ပိတ်မိနေသည်ဟု ကားများပိတ်မိနေသည့်နေရာတွင် ရောက်ရှိနေသည့် ကားဆရာ တစ်ဦးက ပြောပါသည်။
" မနက်က ကိုးနာရီလောက်က စပိတ်တာဗျ ။လမ်းမှာ KIA က ကားတွေကို တားပြီး ပိုက်ဆံကောက်တယ်လို့ ပိုက်ဆံပေးပြီး တက်လာတဲ့ ကားတွေက ပြောတော့ ကျနော်တို့ ဒီက ဆင်းမဲ့ ကားတွေက မဆင်းရဲတော့ဘူး ” ဟု အဆိုပါ ကားဆရာ ကပြောပါသည်။
ဖားကန့် မြစ်ကြီးနား လမ်းကြောပေါ်တွင် KIA မှ မော်တော်ကားများကို မကြားခဏဆိုသလို ငွေကြေးကောက်ခံနေသည်မှာ တစ်လကျော်နေပြီဖြစ်တယ်လို့လဲ ဖားကန့်မြစ်ကြီးနား လိုင်းကား ဆရာတွေက ပြောပါသည် ။ KIA မှာ ကားများကို ငွေကြေးကောက်ခံရာတွင် ဂိတ်များဖြင့် အတည်တကျကောက်ခံခြင်းမျိုးမဟုတ်ပဲ ခဏတဖြုတ်ပဲ လာတဲ့ကားတွေကို တားပြီး ကောက်တာ လို့လည်း ပြောပါသည် ။ မြစ်ကြီးနား တနိုင်းလမ်းပေါ်ရှိ လဝါးကျေးရွာအနီးတွင် မကြာခဏဆိုသလို ကောက်ခံနေသည်ဟုလည်း သိရပါသည် ။
ငွေကြေးကောက်ခံရာတွင် သတ်မှတ်ချက်မရှိပဲ အဆင်ပြေသလိုကောက်ခံနေခြင်းဖြစ်သည်ဟုလည်း သိရပါသည် ။ ယခင်က ဖားကန့်-မြစ်ကြီးနား လမ်းပေါ်တွင် ပြေးဆွဲနေသော မော်တော်ကားများကို KIA မှာ ငွေကြေးကောက်ခံရာတွင် ကားတစ်စီးလျှင် တနှစ်စာ သုံးသိန်းမှ ငါးသိန်းအထိ ကောက်ခံခဲ့ပြီး တနှစ်အတွင်း ထပ်မံပေးဆောင်စရာ မလိုတော့ပေ။ တဖန် ဖားကန့်မြို့နယ်အတွင်းရှိ လုပ်ငန်းသုံးကားနှင့် အိမ်စီးကား ၊ဇိမ်ခံကားများကို တနှစ်စာ အနဲဆုံး (၂)သိန်းမှ (၇)သိန်းအထိ ကောက်ခံခဲ့သည်ဟုလည်း သိရပါသည် ။ ဖားကန့်မြို့နယ်အတွင်းတွင် မော်တော်ကားအစီးအရေအတွက်မှာ သောင်းဂဏန်းရှိသည်ဟုလည်း မော်တော်ယဉ် အဖွဲ့အစည်းတစ်ခု၏ ခန့်မှန်းပြောဆိုချက်အရသိရပါသည်။
KIA သို့ တနှစ်စာ အခွန်ဆောင်ထားသော ကားများကို ယခုလိုလမ်းကြောင်းပေါ်တွင် ထပ်မံကောက်ခံခြင်းမရှိခဲ့ဘူးဟု သိရပါသည်။ ယခုအခါ လာသည့်ကားကို မပေးမနေရ ကောက်ခံနေသည်ဟုလည်း ကားသမား ကိုဇော်မင်းက ပြောပြပါသည် ။"အရင်က တနှစ်စာဆောင်ထားတဲ့ သူတို့အဖွဲ့အစည်းက စာရွက်ပြရင် ထပ်ပေးစရာ မလိုဘူး ၊။ခုဟာက အဲဒါတွေဘာမှ လာမပြနဲ့ လို့ပြောတယ် ။ ပိုက်ဆံပဲပေးလို့ပြောတယ် ” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့ပါသည် ။
ဖားကန့်မှ မြစ်ကြီးနား လမ်းကြောတစ်လျှောက်တွင် မြန်မာ့တပ်မတော်မှ စစ်ဆေးရေးဂိတ်ပေါင်းများစွာရှိနေပါသည် ။ ထိုဂိတ်များကို ကားသမားများက အနည်းဆုံးငွေကျပ် တစ်ထောင်ပေး၍ သွားလာနေရသည်ဟုလည်း ကားသမားများက ဆိုပါသည် ။ KIA မှ ငွေကြေးများကောက်ခံသည့်နေရာနှင့် တပ်မတော်မှ လုံခြုံရေးဂိတ်များ တည်ရှိသောနေရာသည် လွန်စွာ ကွာဝေးခြင်းမရှိပဲ KIA မှ မကြာခဏဆိုသလို ငွကြေးများ ကောက်ခံနေခြင်းမှာ တပ်မတော်မှ ပြည်သူများအပေါ် လုံခြုံရေး ဆောင်ရွက်မှု အားနည်းနေသေးကြောင်း ပြသနေလျှက်ရှိပါသည် ။
ဇော်မိုးထက် ( ဖားကန့် )
MUNA
ဓါတ်ပုံ-MN

No comments:

Powered by Blogger.