လက်ထပ်ပြီးလျှင် အိမ်ခွဲနေသင့်တဲ့ အကြောင်းအရင်းများ
လက်ထပ်ပြီးလျှင် အိမ်ခွဲနေသင့်တဲ့ အကြောင်းအရင်းများ
---------------------------------------------
တစ်ယောက်နဲ့တစ်ယောက် ချစ်လို့၊ကြိုက်လို့ လက်ထပ်ခြင်းဆိုတဲ့ ပန်းတိုင်ထိ ရောက်ခဲ့ပြီဆိုလျှင် အိမ်ထောင်သည်ဘဝဆိုတဲ့ လမ်းခရီးကို အဆင်ပြေဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်ဖို့ လက်ထပ်ပြီးတာနဲ့ အိမ်ခွဲနေပါ ။ ကြင်စဦးဇနီးမောင်နှံဘဝမှာ အိမ်ခွဲမနေခဲ့လျှင် တသက်လုံး နောင်တရနေပါလိမ့်မည်။
နှစ်ဖက်မိဘများအိမ်တွင် မနေပါနှင့် ။ နှစ်ဖက်မိဘတွေနှင့် မည်သို့ပင် အဆင်ပြေစေကာမူ အတူတူနေသောအခါတွင်တော့ အရင်လို ဟုတ်ချင်မှဟုတ်ပါတော့မည်။
အိမ်ထောင်ကျပြီး နှစ်အနည်းငယ်ကြာပြီးမှ အတူတူနေတာမျိုးကို မပြောလိုသော်လည်း အနည်းဆုံး ကြင်စဦးဘဝမှာ တစ်နှစ်ခန့်တော့ နှစ်ယောက်တည်းသာ နေထိုင်ပါ ။ ကြင်စဦးဘဝရဲ့ ပျော်ရွှင်မှုတွေကို အပြည့်အဝ ခံယူပါ ။ လက်ထပ်ပြီး အိမ်ခွဲမနေခြင်းရဲ့ ဆိုးကျိုးတွေကို သိရှိရသလောက် ဖော်ပြပေးသွားပါမယ်။
၁) အိမ်ထောင်မှုသုခမရခြင်း
ဒါကတော့ ထုံးစံပါပဲ ။ မိဘနှင့်အတူနေခြင်း ၊ မောင်နှမဆွေမျိုးများနှင့် အတူနေခြင်းကြောင့် လင်မယားဘဝ အိမ်ထောင်မှုသုခကို အပြည့်အဝရရှိမှာ မဟုတ်ပါဘူး ။
၂) အပြစ်မြင်လာခြင်း
နှစ်ဖက်မိဘတွေနဲ့ ဘယ်လောက်အဆင်ပြေပြေ အတူတူနေပြီဆိုလျင်တော့ တစ်ယောက်နဲ့တစ်ယောက် အပြစ်မြင်လာတော့မှာပါ ။ လူကြီးနှင့် လူငယ် စရိုက်မတူခြင်းကြောင့်လည်း သဟဇာတ မဖြစ်နိုင်ပါဘူး ။ တစ်ယောက်နှင့်တစ်ယောက် သည်းခံနိုင်မှုဟာလည်း ရှည်ကြာမှာမဟုတ်ပါဘူး ။ မိဘတွင်သာမက မောင်နှမတွေနှင့်ပါ အတူနေရလျှင် ဒိထက်ပိုဆိုးပါသည် ။ အိမ်ခွဲမနေကြတဲ့ လင်မယားတွေ မေးကြည့်ပါ ။ ထုတ်မပြောတာပဲရှိပါတယ် ။ သူတို့ဒုက္ခနှင့် သူတို့ပါ ။
၃) ငွေရေးကြေးရေးပြဿနာများ ရှုပ်လာနိုင်ခြင်း
အထူးတလည် မပြောတော့ပါဘူး ။ အဆင်ပြေတဲ့ လင်မယားတွေအတွက်တော့ ကိုယ့်မိဘ၊ ကိုယ့်ဆွေးမျိုးကို အခက်အခမရှိ ထောက်ပံ့နိုင်သော်လည်း ယခုခေတ်မှာ အမျိုးသားရော အမျိုးသမီးပါ အတူတူရုန်းကန်နေရတာတောင် စရိတ်တွေက မကာမိပါ ။ အတူတူနေခြင်းကြောင့် လက်ထဲတွင် ငွေရှိတာ ၊မရှိတာကိုလည်း မြင်နိုင်ပါတယ် ။ နောက်ပိုင်းမှာ ငွေရေးကြေးရေး ပြဿနာတွေ အများကြီး ရှိလာနိင်ပါတယ် ။တတ်နိုင်လျှင် တစ်လတစ်ခါ မိဘတွေအိမ်ကို ကန်တော့လိုက်ပါ ။ အချေးအငှါး မလုပ်ပါနှင့် ၊ လင်မယား ပြဿနာများ ရှိလာနိုင်ပါသည် ။
၎) မလွတ်လပ်ခြင်း
အားလပ်ရက်ကဲ့သို့ အပြင်ထွက်လည်ခြင်း (သို့) သူငယ်ချင်းများနှင့် အိမ်တွင်စုကာ သောက်စားပျော်ပါးခြင်းမျိုးကိုလည်း နှစ်ယောက်တည်းရှိချိန်တွင်သာ ပြုလုပ်လို့ရပါတယ် ။ မိဘမောင်နှမများနှင့် အတူနေသောအခါ ထိုကိစ္စတွေကို မေ့ဖျောက်ထားရပါလိမ့်မည် ။
၅) ရန်ဖြစ်လျှင် မိဘများပါဝင်လာနိုင်ခြင်း
လင်မယားရယ်လို့ ဖြစ်လာလျှင်တော့ စကားများ ၊ ရန်ဖြစ်တာ အနည်းနဲ့အများ ရှိကြတာပါပဲ ။ ပြီးသွားလျှင်တော့ ပြန်အဆင်ပြေသွားကြတာပါပဲ ။ သို့သော် မိဘနှင့်အတူနေသူများ စကားများရန်ဖြစ်လျှင် မိဘများပါ ဝင်ပါလာနိုင်ပြီး မကြည်လင်မှုတွေ ဖြစ်လာနိုင်ပါတယ် ။ လင်မယားအချင်းချင်း နှစ်ယောက်တည်း စိတ်ကောက်လို့ မည်သို့ပင်ချော့ချော မြန်မြန်ပြေလည်သွားနိုင်သော်လည်း မိဘမောင်နှမများရှိတာကြောင့် အချိန်မကြာသင့်ဘဲ ကြာသွားကာ လင်မယားဆက်ဆံရေးအတွက် အနှောင့်အယှက်ရှိနိုင်ပါတယ် ။
အိမ်ခွဲမနေခြင်းရဲ့ ဆိုးကျိုးတွေကတော့ အသေးစိတ်ရေးမယ်ဆိုလျှင် အများကြီးပါ ။ အကောင်းဆုံးကတော့ လက်ထပ်ပြီး ကြင်စဦးဘဝမှာ အိမ်ခွဲနေတာအကောင်းဆုံးပါ ။ အချိန်တစ်ခုကြာသွားတော့မှ မိဘတွေနဲ့ ပြန်နေချင်နေပါ ။ တစ်ဦးတည်းသော သားသမီးကို ပိုင်ဆိုင်ထားရတဲ့လူဆိုရင်တော့ တစ်မျိုးပေါ့နော် ။ မိဘတွေနဲ့ အတူနေမယ်ဟု ဆုံးဖြတ်ထားသူများကတော့ မိမိအိမ်ထောင်ရေး သာယာပျော်ရွှင်ဖို့ တစ်ဦးနှင့်တစ်ဦး နားလည်ချစ်ခင်ပြီး စိတ်ဓါတ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခံဖို့ လိုပါတယ်နော်..
No comments: