ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး မောင်တောသို့ လာရောက်လေ့လာ (ဓာတ်ပုံသတင်း) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး မောင်တောသို့ လာရောက်လေ့လာ (ဓာတ်ပုံသတင်း)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဇူလိုင် ၃ ၊ မောင်တော
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဇွန်လ ၃ ရက်နေ့ နေလယ် ၂ နာရီ ၂၀ တွင် မောင်တောမြို့သို့ ရောက်ရှိလာခဲ့ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးရေးထွဋ် နှင့် တွေ့ဆုံပြီးနောက် ၃ မိုင် UNHCR ရုံးတွင် နေလည်စာသုံးဆောင်ခဲ့သည်။
ထို့နောက် ညနေ ၄ နာရီကျော်တွင် မောင်တောမြို့ BAJ အမျိုးသမီးအဆင့်မြင့် အပ်ချုပ်သင်တန်းကို သွားရောက်လေ့လာကြည့်ရှုခဲ့ပြီး ညနေ ၅ နာရီ ၂၀ မိနစ်တွင် ကျီးကန်းပြင်ဌာချုပ်တွင် ကွပ်ကဲရေးမှူး သူရစန်းလွင်နှင့် တွေ့ဆုံခဲ့သည်။
ညနေ ၆ နာရီကျော်တွင် ဝပိုက်ရွာကို လေ့လာကြည့်ရှုပြီး အသစ်နေရာချပေးထားသော ဝပိုင်မြောက်ရွာသို့ သွားရောက်လေ့လာကာ ၆ နာရီ ၄၀ တွင် မောင်တော ၃ မိုင် UNHCR ရုံးသို့ ပြန်လာခဲ့ကြသည်။
မနက်ဖြန် ဇူလိုင်လ ၄ ရက်နေ့မှာ ကျီးကန်းပြင်အနောက် ရိုဟင်ဂျာကျေးရွာနှင့် အောင်ဇေယျရခိုင်ကျေးရွာသို့ သွားရောက်လေ့လာမည်ဖြစ်ကြောင်း သိရသည်။
No comments: