adster160 /320

ာ မြန်မာနိုင်ငံဆီ မှောင်ခိုတင်ပို့မယ့် အမြှောက် ၊အမြှောက် ကျည်ဆံတွေကို သယ်ဆောင်လာတဲ့ လူငါးဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံဆီလက်နက်မှောင်ခိုတင်ပို့မယ့်လူတွေနဲ့ အမြှောက်တွေကို ထိုင်းရဲဖမ်းဆီး
ထိုင်း ရဲတပ်ဖွဲ့ ဟာ မြန်မာနိုင်ငံဆီ မှောင်ခိုတင်ပို့မယ့် အမြှောက် ၊အမြှောက် ကျည်ဆံတွေကို သယ်ဆောင်လာတဲ့ လူငါးဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။
အဲဒီ အမြှောက် နဲ့အမြှောက်ကျည်ဆံတွေကို ကမ္ဘောဒီယားနိုင်ငံကနေ ထိုင်းနိုင်ငံကို ဖြတ်ပြီး မြန်မာနိုင်ငံဆီ တင်ပို့ဖို့ စီစဉ်ထားဖွယ်ရှီနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့ ကပြောပါတယ်။
အခု ဖမ်းဆီးရမှုဟာ နှစ်လအတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂ လလောက်ကလည်း ကမ္ဘောဒီယားကနေ မြန်မာနိုင်ငံဆီ တင်ပို့မယ့် လက်နက်တွေကို ထိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ထိုင်းရဲတပ်ဖွဲ့ ဟာ ၈၁ မီလီမီတာ အမြှောက်နှစ်လက်၊ ၈၁ မီလီမီတာ အမြှောက်တစ်လက်နဲ့ ၈၂ မီလီမီတာသုံး ကျည်ဆံတွေ နဲ့ အခြား ပေါက်ကွဲစေတဲ့ ပစ္စည်းတွေအပြင် ဖုန်း ၆ ခုဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံဆီ လက်နက်မှောင်ခိုတင်ပို့သူတွေ ဟာ အမြှောက်တွေကို ဗင်ကား နှစ်စီး၊ ဆီဒင်တစ်စီးတို့နဲ့ တင်ဆောင်လာတာဖြစ်ပြီး ၁၈-၇-၂၀၁၇ အင်္ဂါနေ့ ညပိုင်း က နယ်စပ် စစ်ဆေးရေးဂိတ်နားမှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ ကပြောပါတယ်။
MCN TV News

No comments:

Powered by Blogger.