ဆားဘဲဥလုပ်နည်း
#ဆားဘဲဥလုပ်နည်း
ဆေးဘဲဥကိုပဲ လူတွေက အသိများကြတာ ပါ။ ဆားဘဲဥကျတော့ တချို့တွေ ကြား တောင်
မကြားဖူးကြပါဘူး။
ဈေးတွေမှာလည်း ဆေးဘဲဥကိုသာ အ
ရောင်းများပါတယ်။
ဆားဘဲဥဆိုတဲ့အတိုင်း ဘဲဥကို ဆားနဲ့
ငံအောင်လုပ်ထားတာပါ။ ဆားနဲ့ရွှံတွေနဲ့
မံထားတဲ့ ဆားဘဲဥတွေကို တရုတ်တန်းက
ဈေးတွေမှာ သေချာပေါက် တွေ့ရပါတယ်။
ဆန်ပြုတ်နှစ်သက်တဲ့ တရုတ်လူမျိုးတွေ
အတွက် ဆားဘဲဥဟာ အလိုက်ဖက်ဆုံး
ဖြစ်ပါတယ်။ ဆားဘဲဥကို ဟင်းနုနွယ်လေး
နဲ့ ကြော်စားလည်း လိုက်ဖက်လှပါတယ်။
ဆားဘဲဥကို မိမိအိမ်မှာ လုပ်စားလိုသူ
တွေအတွက် နည်းလေးဖော်ပြပေးလိုက်
ပါတယ်။ ချဉ်ဖတ်စိမ်သလောက်တောင်
မခက်ခဲပါဘူး။
ပွက်ပွက်ဆူပြီးတဲ့ ရေနွေးထဲ ဆား(အကြမ်း
ဆို ပိုကောင်းပါတယ်) ၅ ကျပ်သားလောက် ထည့်ပါ။ ရက်တိုတိုနဲ့ စားလိုသပဆို ဆား များများသာ ထည့်လိုက်ပါ။
အဲဒီရေကို လုံးဝအေးစက်သွားတဲ့အထိ
ထားပါ။ လုံးလုံးအေးသွားမှ မိမိ စိမ်လိုသမျှ
ဘဲဥနဲ့အတူ ဖန်ပုလင်း ဒါမှမဟုတ် အဆင်
ပြေရာဘူးထဲထည့်ပြီး အဖုံးပိတ်ထားပါ။
ဆယ်ရက်လောက်ဆို စတင်စားသုံးလို့
ရပါပြီ။ ဆားဘဲဥက ဆေးဘဲဥလို မဟုတ်
ပါဘူး။ သာမန်ဘဲဥတွေ ပြုတ်သလို ပြုတ်
ရပါတယ်။ အခွံခွာရင်လည်း ကပ်တတ်ပါ တယ်။
ဘဲဥရဲ့ အနှစ်နဲ့အကာဟာ ဆားစိမ့်ဝင်
ထားတာကြောင့် ထူးကဲတဲ့ အရသာက
လျှာထဲကို စိမ့်ဝင်သွားပါလိမ့်မယ်။
အငံကြောက်သူတွေနဲ့ သွေးတိုးတတ်သူ
တွေတော့ ရှောင်ပေါ့နော်။ ပုလင်းထဲမှာ
ရက်ကြာလေ ငံလေဖြစ်မှာမို့ အရသာ
အနေတော်မှာပဲ ကုန်အောင်စားပါ။
Credit to Thin Thu Htet
No comments: