အမျိုးသမီးတွေလည်း တရုတ်ပြည်ကို ဘဝပျက်ခံပြီး မသွားကြပါနဲ့ဆိုတာ တားလို့လည်းမရဘူး၊ ဒါမျိုးတော့ ရဲတတ်ဖွဲ့ကို လေးစားမိပါတယ်...
အမျိုးသ္မီးလေးများ ဒီပို့စ်လေးကို ကျော်မသွားပါနဲ့ ဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်။
__________________
အမျိုးသမီးတွေလည်း တရုတ်ပြည်ကို ဘဝပျက်ခံပြီး မသွားကြပါနဲ့ဆိုတာ တားလို့လည်းမရဘူး၊
ဒါမျိုးတော့ ရဲတတ်ဖွဲ့ကို လေးစားမိပါတယ်...
ရည်းစားကို တရုတ်အမျိုးသားများထဲ ရောင်းစားရန် ကြိုးပန်းသူ ၃ ဦးဖမ်းဆီးရမိ..။
______________
By Dvb 22.June.2017
မြန်မာအမျိုးသမီး၂်ဦးကို တရုတ်အမျိုးသားတွေဆီမှာ ရောင်းစားဖို့
ကြိုးစားခဲ့သူ၂ဦးနှင့် ပူးပေါင်းကြံသူ ၁ဦး အား မူဆယ်မြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ လူကုန်ကူးမှု့တားဆီးနှိမ်နင်းရေး ရဲတတ်ဖွဲ့ဆီက သိရပါတယ်။
အမျိုးသမီး၂ဦးဟာ ရန်ကုန်မြို့ လှိုင်သာယာ စက်မှု့ဇုန်အထည်ချုပ်
စက်ရုံတွေမှာ အလုပ်လုပ်ကိုင် နေသူတွေဖြစ်ပြီး ဇန်၁၉ ရက်က အလုပ်မဆင်းဘဲ စက်ရုံနားက နဂါးရုံဘုရားကို သွားစဉ် ဆိုင်ကယ်
ကယ်ရီသမား၂ဦးနဲ့ တွေ့ဆုံကာ သမီးရည်းစား ဖြစ်ခဲ့တာလို့ သိရပါတယ်။
ဆိုင်ကယ်"ကယ်ရီသမား၂ဦးဟာ ရွှေပြည်သာ မြို့နယ်(၁၂)ရပ်ကွက်
မှာ နေထိုင်သူ ဆန်းဝင်းနိုင်(ခ)လွမ်းကိုနဲ့ ဒညင်းကုန်းရပ်ကွက်မှာ
နေထိုင်သူ ဟိန်းလင်းထက်(ခ)ဖြိုးဝေတို့ဖြစ်ကြပါတယ်။
သမီးရည်းစားဖြစ်ပြီး ညနေပိုင်းမှာတော့ ရွှေပြည်သာမြို့နယ်ထဲက တည်းခိုခန်း တစ်ခုမှာ လွမ်းကိုနဲ့ ဝေဖြိုးတို့ဟာ သူတို့ရဲ့ ရည်းစားတွေနဲ့ တစ်ခန်းစီ အတူတည်းခိုခဲ့ပြီး ဝေဖြိုးက "လူရပြီလို့"လှိုင်သာယာ(၈)ရပ်ကွက်နေ လူပွဲစား "မအိကေခိုင်ဆီကို"ဖုန်းဆက်ခဲ့ပါတယ်။
အဲ့ဒီညနေပိုင်းမှာပဲ"မအိကေခိုင်က"တည်းခိုနေထိုင်ဖို့အတွက် "ငွေ"
၃၀၀၀၀"သုံးသောင်းထုတ်ပေးခဲ့ပါတယ်။
မအိကေခိုင်ဟာ နောက်တစ်နေ့ ဇွန်၂၀ရက် မနက်ပိုင်းမှာ တည်းခိုခန်းရှေ့ ရောက်ရှိလာကာ သူတို့ ၄ဦးကို အဝတ်အစား စီစဉ်ပေးပြီးခဲ့ပြီး အမျိုးသမီး၂ဦးကိုတော့ လှည်းတန်းဘက်မှာ ဆံပင်ပုံစံ ပြောင်းပေးခဲ့ပါတယ်။
ဖြိုးဝေဟာ လွန်ခဲ့တဲ့ ၁၀ရက်လောက်က ကယ်ရီဆွဲနေစဉ် တရုတ်
ယောင်္ကျားနဲ့ ပေးစားဖို့အတွက် အမျိုးသမီး၂ဦး ရှာခိုင်းပြီး အမျိုးသမီး
တစ်ဦးကို ၁၅သိန်း ပေးမယ်လို့ မအိကေခိုင်က ရဲစစ်ချက်မှာ ထွက်ဆိုခဲ့ပါတယ်။
မအိကေခိုင်ဟာ မန္တလေးမှာ အလုပ်ရှာပေးမယ်ဆိုပြီး မူဆယ်အထိ"
ခေါ်ဆောင်လာခဲ့ကာ လမ်းခရီး စစ်ဆေးမှု့တွေမှာ ခိုးရာလိုက်ပြေးလာလို့ ဖြေဖို့ မှာထားတယ်လို့ သိရပါတယ်။
ဇွန်၂၁ရက်နေ့လည်ပိုင်းမှာတော့ မူဆယ်မြို့ သိန်းသန်းချီ အဝေးပြေးကားဝင်းကို ရောက်ရှိခဲ့ကြပြီး လှေဆိပ်ကနေ တရုတ်နိုင်ငံသို့ ဝင်ရောက်ဖို့ ဆိုင်ကယ် ကယ်ရီငှါးနေစဉ် မသင်ကာမှု့နဲ့ ခေါ်ယူစစ်ဆေးရာက အခုလိုဖမ်းဆီးမိခဲ့တာပါ။
တရုတ်ယောင်္ကျားထံ ရောင်းစားဖို့ ခေါ်လာတဲ့ တရားခံတွေကို မူဆယ်မြို့မ ရဲစခန်းက"(ပ)၂၂၇/၂၀၁၇၊ လူကုန်တား ဥပဒေ ပုဒ်မ၂၈
(က)/၃၂.နဲ့ အမှု့ဖွင့် အရေးယူဆောင်ရွက်ထားပါတယ်။
ရဲတတ်ဖွဲ့ဝင်တွေက ကယ်တင်ထားတဲ့ အမျိုးသမီး၂ဦးကိုတော့ မူဆယ် လူကုန်ကူးခံရသူတွေ ယာယီရေး ဂေဟာမှာ အပ်နှံထားတယ်လို့
သိရပါတယ်။....။
Credit..
ZN.H
#Khaing Tayza
No comments: