===============================================
သူမက အဆိုပါယောက်ျားလေးအပါအ၀င်အတော်များများကို ဖုန်းနံပတ်
Thomas
( unicode )
【 Odd News 】၁၅ နှစ်အရွယ်ကျောင်းသားကိုမုဒိန်းကျင့်သူ အမျိုးသမီး ထောင်နှစ် ၂၃၀ ကျခံရန်ရှိ
===============================================
Ref : The Fox
ဗာဂျီးနီးယား၊ ဇူလိုင် ၃၀
အသက် ၁၅ နှစ်အရွယ် ကျောင်းသားတစ်ယောက်ကို သူမရဲ့ဖခင်ဖြစ်သူ ပိုင်ဆိုင်သော ဗန်ကားနောက်ခန်းထဲထည့်ကာ မုဒိန်းကျင့်ခဲ့တဲ့ အမေရိကန် အမျိုးသမီးတစ်ဦးဟာ နှစ် ၂၃၀ ထိထောင်ကျဖွယ်ရှိပါတယ်။ တရားရုံးကြားနာ စစ်ဆေးမှုအရ အသက် ၃၁ နှစ်အရွယ် Amanda Nasser ဟာ အဆိုပါကျောင်းသားကိုသူမရဲ့ ကိုယ်လုံးတီးပုံတွေပို့ခဲ့ပြီး၊ ပုံမှန်ဆန္ဒဖြည့်ဆည်းနိုင်ရန် ကလေးရဲ့မိခင်ဖြစ်သူနဲ့ မိတ်ဆွေဖွဲ့ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
ကလေးသုံးယောက်အမေ အဆိုပါအမျိုးသမီးဟာ အနည်းဆုံး ခုနှစ်နှစ်မှ ရာစုနှစ်နှစ်ခုကျော်ထောင်ကျဖို့ရှိနေပါတယ်။သူမဟာ ဗာဂျီးနီးယားက လူဝီဆာ အထက်ကျောင်းမှာ အမူအယာဘာသာစကား ဘာသာပြန်အဖြစ် ဆောင်ရွက်စဉ် အဆိုပါကျောင်းသားနဲ့တွေ့ခဲ့တာဖြစ်ပါတယ်။
သူမက အဆိုပါယောကျ်ားလေးအပါအဝင်အတော်များများကို ဖုန်းနံပတ်
ပေးရင်း လိင်စိတ်နှိုးဆွစေသည့် ဖုန်းပြောဆို မှုများပြုလုပ် ခဲ့ပါတယ်။
အဲဒီနောက်မှာ သူက အဆိုပါ ပစ်မှတ်ထားသည့်ကျောင်းသားနဲ့ လိင်ဆက်ဆံ ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ သူမကို အောက်တိုဘာ ၂ ရက်မှာ အမိန့်ချမှာပါ။ ။
Thomas
No comments: