လူတွေမသိသေးတဲ့ ဂျက်ကီချန်းရဲ့ လျို့ဝှက်ချက်(၁၀)ချက် - - - - - - - - - - - - - - - - - - -
လူတွေမသိသေးတဲ့ ဂျက်ကီချန်းရဲ့ လျို့ဝှက်ချက်(၁၀)ချက်
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
မင်းသားကြီး ဂျက်ကီချန်းကို ၁၉၅၄ ခုနှစ် ဧပြီလ ၇ ရက်နေ့မှာ တရုတ်နိုင်ငံ ဟောင်ကောင်မှာ မွေးဖွားခဲ့ပါတယ်။
ဂျက်ကီချန်းဟာ တရုတ်ကွန်ဖူးဇာတ်ကားတွေမှာ အများအားဖြင့် သရုပ်ဆောင်တဲ့သူတစ်ယောက်အဖြစ် ကျော်ကြားခဲ့ပြီး ၂၀၁၇ ခုနှစ်အထိ သူ့ရဲ့ဇာတ်ကားတွေရဲ့ လက်မှတ်ရောင်းရငွေပေါင်းဟာ အမေရိကန်ဒေါ်လာ ၄ ဘီလီယံအထိရှိခဲ့ပါတယ်။
ဂျက်ကီချန်းဟာ နာမည်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက် လူတိုင်းကသိကြပေမယ့် လူအတော်များများမသိသေးတဲ့ သူ့ရဲ့လျို့ဝှက်ချက်တွေအတော်များများ ရှိပါတယ်။
ဒီစိတ်ဝင်စားစရာကောင်းတဲ့ လျို့ဝှက်ချက်တွေကို သိစေနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။
၁။ ဂျက်ကီချန်းရဲ့ အချစ်ဆုံးမိန်းကလေး
- - - - - - - - - - - - - - - - - - - - - - -
ဂျက်ကီချန်းဟာ မိန်းကလေးအတော်များများနဲ့ ချစ်ကြိုက်ခဲ့ဖူးပါတယ်။ ဂျက်ကီချန်းရဲ့ အမျိုးသမီးကတော့ Joan Lin ဖြစ်ပြီး သူမဟာ ဟောင်ကောင်ရဲ့ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ဂျက်ကီချန်းနဲ့ အိမ်ထောင်ကျပြီးတဲ့နောက်မှာတော့ သူမဟာ သရုပ်ဆောင်လောက ကနေ အနားယူခဲ့ပြီး အခုအချိန်မှာတော့ အိမ်ရှင်မအဖြစ် ဂျက်ကီချန်းနဲ့ အတူတကွနေထိုင်နေပါတယ်။
ဒါပေမယ့် ဂျက်ကီချန်းရဲ့ အချစ်ဆုံး မိန်းကလေးကတော့ တရုပ်နိုင်ငံရဲ့ ကျော်ကြားတဲ့အဆိုတော်တစ်ယောက်ဖြစ်ခဲ့တဲ့ Teresa Teng ပဲဖြစ်ပါတယ်။
၂။ ဂျက်ကီချန်းအကြောက်ဆုံးသောအရာ
- - - - - - - - - - - - - - - - - - - - - - - - - - -
ဂျက်ကီချန်းအကြောက်ဆုံးအရာကတော့ ဆေးထိုးခံရမှာကိုပါပဲ။ အရေပြားထဲကို အပ်နဲ့ထိုးသွင်းလိုက်တာကိုကြည့်ရတာဟာ အရမ်းကြောက်ဖို့ကောင်းတယ်လို့ ဂျက်ကီချန်းဟာ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
၃။ ဂျက်ကီချန်းရဲ့ ပထမဆုံးရုပ်ရှင်
- - - - - - - - - - - - - - - - - - - - -
ဂျက်ကီချန်း ပထမဦးဆုံး သရုပ်ဆောင်ခဲ့တဲ့ဇာတ်ကားကတော့ ၁၉၆၂ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ လူစွမ်းကောင်းလေး ခုနှစ်ယောက်(Seven Little Valiant Fighters) လို့ခေါ်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။
၎။ ဂျက်ကီချန်းဟာ တရားစွဲခံခဲ့ရပါသေးတယ်။
- - - - - - - - - - - - - - - - - - - - - - - - - - - - -
ဂျက်ကီချန်းပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့ Snake in the Eagle’s Shadow ကို ဖြန့်ချိတဲ့အခါမှာ ကြောင်တစ်ကောင်နဲ့ မြွေတစ်ကောင်တိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်းကိုထည့်သွင်းထားတာကြောင့် တရိစ္ဆာန်ကာကွယ်တဲ့အဖွဲ့အစည်းတွေက မင်းသားကြီးကို တရားစွဲဆိုခဲ့တာပါ။
၅။ ဂျက်ကီချန်းရဲ့ အိပ်ချိန်
- - - - - - - - - - - - - - - - - -
ဂျက်ကီချန်းဟာ အသက်ငယ်ရွယ်တုန်းအချိန်တုန်းက ရုပ်ရှင်ဇာတ်ကားတွေအဆက်မပြတ် ရိုက်နေခဲ့ရတာကြောင့် တစ်ရက်ကို နှစ်နာရီမျှသာ အိပ်ခဲ့ရပါတယ်။
၆။ ဂျက်ကီချန်းနဲ့ ဘရုစ်လီ(Bruce Lee)
- - - - - - - - - - - - - - - - - - - - - - - - - - -
ဂျက်ကီချန်းဟာ ဟောင်ကောင်မှာ မင်းသားကြီး ဘရုစ်လီရဲ့ သက်တော်စောင့်အဖြစ် လုပ်ခဲ့ဖူးပါတယ်။
၇။ အားလပ်ချိန်မှာ ဂျက်ကီချန်းဘာလုပ်သလဲ။
- - - - - - - - - - - - - - - - - - - - - - - - - - - - -
သူဟာ အေးအေးဆေးဆေးနေတတ်တဲ့သူတစ်ယောက်ဖြစ်ပြီး အလုပ်အားတဲ့အချိန်တွေမှာတော့ ဟောင်ကောင်မှာရှိတဲ့ သူ့ရဲ့တိုက်ခန်းထဲမှာ စာဖတ်တယ်၊ သူငယ်ချင်းတွေနဲ့စကားပြောတယ်၊ နောက်ပြီး ပင်ပေါင် ကစားပါတယ်လို့ ဂျက်ကိချန်းက ပြောပါတယ်။
၈။ ချန်းရဲ့ နာမည်အရင်း
- - - - - - - - - - - - - - - -
မင်းသားကြီးရဲ့နာမည်အရင်းကတော့ Chen Gangsheng လို့ခေါ်ပြီး သူ့ရဲ့ မျိုးရိုးနာမည်ကတော့ Fang ပဲဖြစ်ပါတယ်။
၉။ ဂျက်ကီချန်းရဲ့အဖေကဘယ်သူလဲ။
- - - - - - - - - - - - - - - - - - - - - - -
မင်းသားကြီးရဲ့ ဖခင်ဟာ အရင်က တရုတ်ကူမင်တန်(Kuo Min Tang)တွေရဲ့ သူလျှိုတစ်ယောက်ဖြစ်ခဲ့ပြီး ဟောင်ကောင်ကို တိတ်တဆိတ် ရွှေ့ပြောင်းလာခဲ့ပြီး ဟောင်ကောင်မှာပဲ အခြေချခဲ့တာဖြစ်ပါတယ်။
၁၀။ ဂျက်ကီချန်းရဲ့ ကြွယ်ဝချမ်းသာမှုဘယ်လောက်ရှိသလဲ။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
သူ့ရဲ့ ကိုယ်ပိုင် ကြွယ်ဝချမ်းသာမှုဟာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ၀န်းကျင်ခန့်ရှိပါတယ်လို့ မင်းသားကြီးက ပြောခဲ့ပါတယ်။
Credit (www.akhayar.com)
🍀
🍀
🍀
🍀
ဖြစ်ရပ်မှန်လူသိနည်းသော ဂျက်ကီချန်း (Jackie Chan) ရဲ့ ရာဇဝင်
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ဂျက်ကီချန်း (Jackie Chan) လို့ နာမည်ကြားလိုက်တာနဲ့ ကလေး၊ လူငယ်၊ လူကြီး အကုန်သိပြီးဖြစ်မှာပါ။ သိုင်းပညာမှာ ထူးချွန်သလို စတန့်ပြကွက်များကို ဟာသနှောပြီး ရိုက်ကူးတတ်လို့ ကမ္ဘာ့ အအောင်မြင်ဆုံး အက်ရှင် မင်းသားတွေထဲမှာ ထိပ်ဆုံးမှာရှိနေတဲ့သူ တစ်ယောက်ပါ။
မိခင်နိုင်ငံဖြစ်တဲ့ ဟောင်ကောင်၊ တရုတ်ပြည်မကြီးမှာသာမက ဟောလီးဝုဒ်မှာပါ အောင်မြင်ကျော်ကြားတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ဖြစ်ရပ်မှန် လူသိနည်း ဂျက်ကီချန်း (Jackie Chan) ရဲ့အကြောင်းများကို ဖော်ပြလိုက်ပါတယ်။
အချက်အလက်များကို သင်သိရဲ့လား? မှ ကူးယူဖော်ပြပါတယ်။
Jackie Chan
ဂျက်ကီချန်း၏ မိခင်သည် ဘိန်းကုန်သည်၊ လောင်းကစားဒိုင် စသည့် အလုပ်များ လုပ်ကိုင်ခဲ့ဖူးပြီး တရုတ်မြေအောက် ဒုစရိုက်လောက၏ နာမည်ကြီးဂိုဏ်းစတား တစ်ယောက်ဖြစ်ခဲ့သည်။ ဂျက်ကီချန်း၏ ဖခင်သည် တရုတ်အမျိုးသားအစိုးရ၏ သူလျှိုတစ်ယောက်ဖြစ်ပြီး နောက်ပိုင်းတွင် မြေအောက်ဒုစရိုက်လောက၌ ဂိုဏ်းခေါင်းဆောင် တစ်ယောက်ဖြစ်ခဲ့သည်။ ဂျက်ကီ့အမေ ဘိန်းမှောင်ခိုကူးခြင်းကို ၄င်း၏ အဖေက ဖမ်းဆီးခဲ့သည့်အချိန်တွင် သူတို့ ၂ ဦး စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်
ဂျက်ကီချန်း၏ မိဘများသည် တရုတ်ပြည်မကြီးမှ ဟောင်ကောင်သို့ ပြောင်းရွှေ့နေထိုင်ချိန်တွင် အလွန်ဆင်းရဲခဲ့သည်။ ထို့ကြောင့် ဟောင်ကောင်၌ ဂျက်ကီချန်းအား မွေးသည့်အချိန်တွင် ဆေးရုံစရိတ်ပေးရန် မတတ်နိုင်ခဲ့သောကြာင့် မွေးကင်းစ ဂျက်ကီအား ချမ်းသာသော ဗြိတိသျှဆရာဝန် လင်မယားထံသို့ ရောင်းချခဲ့ပြီး ဆေးရုံစရိတ်ကို ဖြေရှင်းခဲ့သည်။
Jackie Chanဂျက်ကီချန်း၏ နာမည်အရင်းမှာ Chan Kong-Sang ဖြစ်သည်။ လူငယ်စတန့်သရုပ်ဆောင်အဖြစ် ရုပ်ရှင်ကားအချို့တွင် ဝင်ရောက်သရုပ်ဆောင်ခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့သည့်
No comments: