ဆံနွယ်ကို နက်မှောင်သန်စွမ်းစေပြီး ဆံပင်ကျွတ်တာရပ်တန့်စေမယ့် ရေနွေးကြမ်း
ဆံနွယ်ကို နက်မှောင်သန်စွမ်းစေပြီး ဆံပင်ကျွတ်တာရပ်တန့်စေမယ့် ရေနွေးကြမ်း
ဆံပင်ကျွတ်လို့ စိတ်ညစ်နေလား။ တစ်ချိန်တည်းမှာပဲ ဆံပင်စောစောဖြူမှာကို စိတ်ပူနေလား။ ဆံနွယ်ကိုနက်မှောင်သန်စွမ်းစေပြီး ဆံပင်ကျွတ်တာသက်သာစေဖို့အတွက် နည်းလမ်းကောင်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။
လက်ဖက်ခြောက်
လက်ဖက်ခြောက်မှာ ကဖိန်းဓါတ်ပါဝင်ပြီးတော့ ဆံပင်ကျွတ်တာကို သက်သာစေပါတယ်။ ဆံသားကို နူးညံ့ပြီး တောက်ပြောင်နက်မှောင်စေပါတယ်။
ဘယ်လိုလုပ်မလဲ
ရေ ၂ ခွက်အပြည့်ကို ဆူအောင်သည်ပါ။ ပြီးရင် ရေနွေးဆူဆူကို မီးဖိုပေါ်ကချပါ။ အဲဒီနောက် လက်ဖက်ခြောက်အိတ် ၂ အိတ် (Black Tea Bags) (သို့) လက်ဖက်ခြောက်စားပွဲတင်ဇွန်း ၂ ဇွန်း ကိုထည့်ပြီး စိမ်ထားပေးပါ။ နာရီအနည်းငယ် (သို့) တစ်ညလုံးစိမ်ထားပါ။ မနက်မိုးလင်းရင် သုံးလို့ရပါပြီး
အရင်ဆုံး ဆံပင်ကို နို့ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပါ။ ပြီးရင်တော့ ရေနွေးကြမ်းကို လောင်းချပြီး နာရီဝက်လောက်ထားပါ။ အဲဒီနောက် ပေါင်းဆေးသုံးပြီး ခေါင်းလျော်ချပါ။ ဆံပင်ခြောက်သွားရင် စမ်းကြည့်ပါ။ သိသိသာသာပြောင်းလဲသွားတာတွေ့ရမှာဖြစ်ပါတယ်။ ခေါင်းလျှော်တဲ့အခါတိုင်း ဒီနည်းလမ်းကိုသုံးလို့ရပါတယ်။ တစ်ပတ်ကိုတော့ အနည်းဆုံး ၃ ကြိမ်လုပ်ပေးရမှာပါ။ ၁ လတိတိလုပ်ပေးရမှာဖြစ်ပါတယ်။
Credit
#အထွေထွေဗဟုသုတ
No comments: