သာစည်မြို့နယ်တွင်ဂျာမဏီနှင့်ထိုင်းနိုင်ငံလုပ်သေနတ်များဖမ်းဆီးရမိ *************
သာစည်မြို့နယ်တွင်ဂျာမဏီနှင့်ထိုင်းနိုင်ငံလုပ်သေနတ်များဖမ်းဆီးရမိ
********************************************************************
သာစည်
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ဇူလိုင်လ ၁၉ ရက်နေ့ည ၁၀ နာရီခွဲအချိန်ခန့်က သတင်းအရ မန္တလေးသို့ပို့ဆောင်မည့်ထိုင်းနိုင်ငံနှင့်ဂျာမဏီနိုင်ငံလုပ်မောင်းပြန်သေနတ် ၂၂ လက်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာသတင်းအရမူးယစ်တပ်တပ်ဖွဲ့စု ၁၈ မန္တလေးတောင်ပိုင်းအဖွဲ့နှင့် သာစည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များမှသတင်းအရသက်သေများနှင့်အတူတောင်ကြီး-မီထ္ထီလာကားလမ်းမကျွဲတပ်ဆုံ တို့ဂိတ်အနီးတွင်သတင်းအရစောင့်ဆိုင်းနေစဉ်လွိုင်ကော်မှမန္တလေးဘက်သို့သွားရန်ရောက်ရှိလာသောယာဉ်အမှတ်2D/5608မော်တော်ယာဉ်အားနေစိုးထွေးမင်း(ခ)ကိုစိုင်း ၄၄နှစ် ဘ ဦးစိုးထွေး မင်္ဂလာရပ်ကွက် လွိုင်ကော်မြို့ နေသူမောင်းနှင်းပြီး ယာဉ်ပေါ်တွင် ဇနီးဖြစ်သူ မမြတ်ဆုနှင်း ၄၆ နှစ် ဘ ဦးကျော်လှ(လိပ်စာတူ)သူတို့ လိုက်ပါစီးနင်းလာသောယာဉ်အား သက်သေများရှေ့မှောက်တွင်ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ရာယာဉ်၏နောက်ခန်းအတွင်းမှအဖြူရောင်ဆာလာအိပ်အတွင်းမွေ့ယာဖြင့်ပတ်ထားလျှက်သိုဝှက်သယ်ဆောင်လာသောထိုင်းနိုင်ငံလုပ်ကိုယ်ထည်တွင်HK-3 5.56×45 ထိုင်းစာတမ်းပါစားသားများပါ မောင်းပြန်သေနတ် ၂၀ လက်နှင့်ဂျာမနီနိုင်ငံလုပ်AK-47(၂)လက်ကျည်အိမ်မပါ ထိုင်းနိုင်ငံလုပ်ကျည်အိမ် ၂၀ ခုနှင့်ငွေစက္ကူများ ၈ သိန်းခန့် လက်ကိုင်ဖုံး ၃ လုံးတို့အားသက်သေများရှေ့မှောက်တွင်ပေးအပ် သိမ်းဆည်းရမိခဲ့သဖြင့် လက်နက်များအား နေမင်းစိုးနှင့်ဇနီးဖြစ်သူတို့မှကလေးမြို့တာတန်းရပ်ကွက်နေမောရ(ခ)ကျူရန်ဆန်(၄၅)နှစ်မှဝယ်ယူသယ်ဆောင်းခိုင်းသောပစ္စည်းများဖြစ်ကြောင်းသိရသည်။
ဖြစ်စဉ်နှင့်ပက်သက်၍လက်နက်များအားတရားမဝင်သယ်ဆောင်ယူပြီးလက်ဝယ်ထားရှိသူများဖြစ်ကြသောနေစိုးထွေး မြတ်ဆုနှင်းတို့နှင့်သယ်ဆောင်ခိုင်းသူမောရ(ခ)ကျုံးရန်ဆန်တို့အားသာစည်မြို့ရဲစခန်းမှအမှူဖွင့်လှစ်အရေးယူဆောင်ရွှက်သွားမည်ဖြစ်ကြောင်းသိရသည်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)
No comments: