adster160 /320

ရဲတပ်သားက ရဲအုပ်ကို သေနတ်ဖြင့် ၈ ချက် ပစ်

အမငေး  ရဲတပ်သားက ရဲအုပ်ကို သေနတ်ဖြင့် ၈  ချက် ပစ်
         ****************************
■ လားရှိုးမြို့နယ်တွင် ရဲတပ်သားက သေနတ်ဖြင့်ပစ်၍ အရာရှိ သေဆုံး ■

လားရှိုးမြို့နယ် နမ့်ပေါင် ရဲကင်းတွင် ရဲတပ်သားက အ ထက်အရာရှိကို သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်မှု ဖြစ်ပွားခဲ့၍ အပစ်ခံရသူ ရဲအရာရှိ သေဆုံးသွားကြောင်း ရှမ်းပြည် နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

လားရှိုးမြို့နယ် နမ့်ပေါင် ကျေးရွာရှိ နမ့်ပေါင်ရဲကင်းတွင် ရဲတပ်သားတစ်ဦးက ရဲအုပ်အ ဆင့်ရှိ အထက်အရာရှိကို သေ နတ်ဖြင့် ပစ်ခတ်မှု ဇူလိုင် ၅ ရက်ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့ ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ အမည်မဖော်လိုသော ရဲအရာရှိတစ်ဦးက ပြောကြား သည်။

‘‘သေနတ်နဲ့ ၈ ချက် ပစ်တာ။ ၅ ချက် ထိသွားတယ်။ ပွဲချင်းပြီးပဲတဲ့’’

ဟု လားရှိုးမြို့ဒေသခံ လူမှုရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

သေဆုံးသူသည် ရဲအုပ် အေးသန်းဆိုသူဖြစ်ပြီး ည ၇ နာရီ ခန့်တွင် လားရှိုးမြို့နယ်ဆေးရုံသို့ ရုပ်အလောင်းကို ပို့ဆောင်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

‘‘ငြင်းရင်းနဲ့ စိတ်အခန့်မသင့် လို့ ဖြစ်သွားတာပါ။ အပစ်ခံရတာက ရဲအုပ်ပါ။ အဲဒီနေရာတွေကတော့ လားရှိုးအစွန်ဆိုတော့ အမြဲတမ်း သေနတ်ထုတ်ပေးထားရတဲ့နေရာတွေပါ’’

ဟု အထက်ပါ ရဲအရာရှိက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် အဆိုပါရဲတပ်သားကို လားရှိုးမြို့မရဲစခန်းတွင် ဖမ်းဆီးအရေး ယူထားကြောင်း သတင်းရရှိ သည်။

ထိုကိစ္စနှင့်ပတ်သက်၍ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ (လားရှိုး)တပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးသို့ 7Day Daily က ဇူလိုင် ၅ ရက် ည ၈ နာရီခွဲတွင် ဆက်သွယ်မေးမြန်းရန် ဖုန်းခေါ်ဆိုသော်လည်း ဆက်သွယ်မရခဲ့ပေ။

Source: 7Day News
crd Thandar Theint

No comments:

Powered by Blogger.