adster160 /320

ဝါယာကြိုးပေါ်သို့ သံဖင်ထိုင်ခုံဖြင့် ဖိထိုင်မိ၍ ဝါယာကြိုးပေါက်ပြီး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွား

ဝါယာကြိုးပေါ်သို့ သံဖင်ထိုင်ခုံဖြင့် ဖိထိုင်မိ၍ ဝါယာကြိုးပေါက်ပြီး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွား
*****************************************

MUNA
ဇူလိုင် ၄ ၂၀၁၇ .....

စစ်ကိုင်းမြို့ နီလာဦးရပ်ကွက်တွင် ဝါယာကြိုးပေါ်သို့ သံဖင်ထိုင်ခုံဖြင့် ဖိထိုင်မိ၍ ဝါယာကြိုးပေါက်ပြီး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။.....

ဖြစ်စဉ်မှာ ယမန်နေ့ (ဇူလိုင်လ ၃ ရက်) မွန်းလွဲ ၂း၃၀အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နီလာဦးရပ်ကွက်တွင် လူတစ်ဦးဓာတ်လိုက်သေဆုံးကြောင်း သတင်းအရ
စစ်ကိုင်းရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ 
ရွှေမင်းဝံရပ်ကွက်နေ သန့်ဇင်ဝင်း(၂၉)နှစ်သည်
နီလာဦးရပ်ကွက်ရှိ သောက်ရေသန့်စက်ရုံ၌
ပန်ကာဖွင့်ရာတွင်အသုံးပြုထားသည့် လျှပ်စစ်ဝါယာကြိုးပေါ်သို့ သံဖင်ထိုင်ခုံဖြင့် ဖိထိုင်မိနေသည်ကိုမသိရှိဘဲ အလုပ်လုပ်နေစဉ် ဝါယာကြိုးပေါက်ကာ ဓာတ်လိုက်သဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသောကြောင့် စစ်ကိုင်းမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ်(၁၀/၂၀၁၇)ဖြင့် ရေးဖွင့်စစ်ဆေးလျက် ရှိကြောင်း သိရသည်။...a..

Photo - Google
#MUNA
ZNO(မူကြို)

No comments:

Powered by Blogger.