တောင်ထိပ်သို့တက်နေစဉ် မြေပြို နေသည်ကိုတွေ့ ရှိသည်နှင့် တောင်ပေါ်လမ်းပိုင်းဖြစ်သဖြင့် မတော်တဆမှုမဖြစ်အောင် တာဝန်ကျ စက်ခေါင်းမောင်းမှ အချိန်မှီရပ်တန့်ြ
ယနေ့ (၁၉.၇.၂၀၁၅)နေ့ အမှတ် (၁၇၅)အဆန်ခုတ်မောင်း၊ ရန်ကုန်-ထားဝယ်ရထား ရေးဘူတာမှ ၁၄:၄၅ နာရီ ထွက်ခွါပြီး ကိုးမိုင်ဘူတာနှင့် ပေါက်ပင်ကွင်း ဘူတာအကြား မွန်ပြည်နယ်နှင့် တနသာင်္ရီနယ်စပ် မလွှဲတောင် တောင်ထိပ်သို့တက်နေစဉ် မြေပြို နေသည်ကိုတွေ့ ရှိသည်နှင့် တောင်ပေါ်လမ်းပိုင်းဖြစ်သဖြင့် မတော်တဆမှုမဖြစ်အောင် တာဝန်ကျ စက်ခေါင်းမောင်းမှ အချိန်မှီရပ်တန့်ြlပီး ကြည့်ရှုစစ်ဆေးလာ အလျား ပေ ၄၀ ခန့် နှင့် အနံ ပေ ၃၀ အမြင့် ၇ ပေ ခန့် မြေပြိုသည်ကို တွေရှိပြီး သက်ဆိုင်ရာသို့ စက်ခေါင်းမောင်း ဦးစိုးနိုင်(စက်ခေါင်းမောင်း ၁) စက်ခေါင်းမောင်းအမှတ် DF - 1630 မှ အချိန်မှီသတင်း ပေးပို့ ခဲ့ပြီး
သက်ဆိုင်ရာ၏ ခွင့်ပြုချက်ဖြင့် ကိုးမိုင်ဘူတာသို့ မတော်တဆမူ မဖြစ်လာစေရန် နောက်ပြန်ဆုတ်ခဲ့ရကြောင်းသိရပါသည်။
Aung Tin Ko Ko (ပေးပို့သည်)
No comments: