ဥပဒေရုံးဝန်ထမ်းတစ်ဦး လုယက်
" ဥပဒေရုံးဝန်ထမ်းတစ်ဦး လုယက်ခံရ "
ပဲခူးမြို့၊အမှတ်(၃)နယ်မြေရဲစခန်းအပိုင်၊နာရဏီလမ်းသွယ်၊ရပ်ကွက်ကြီး(၈)၊တိုင်းဥပဒေချုပ်ဝန်ထမ်းအိမ်ယာအနီးတွင်(20.7.2017)နေ့က လုယက်မှုတစ်ခုဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ ဒေါ်မြင့်မြင့်ကြည်(45)နှစ်၊(ဘ)ဦးဥာဏ်မြင့်၊ရုံးအုပ်ကြီး၊ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၊နေသူသည် ပြင်စည်ဈေးတွင်ဈေဝယ်ရန်အထွက် လမ်းလျှောက်
လာစဉ် အမျိုးသားလူငယ်နှစ်ဦးမှာ အနက်ရောင်ဆိုင်ကယ်ဖြင့် ရွှေသံလွင်ဘုန်းကြီးကျောင်းဘယ်နားမှာလည်းဟုမေး၍ ၄င်းမှမသိကြောင်းပြောကြားခဲ့ရာ နောက်တွင်ပါလာသူ အမည်မသိအမျိုးသားမှာ မင်္ဂလာမိုးကုတ်
ကျောင်းဘယ်နားမှာလည်းဟုထပ်မံမေးမြန်းပြီး ၄င်းတွင် ဝတ်ဆင်ထားသော ဆွဲကြိုးငါးမူးသား၊လက်ကောက်ငါးမူးသား၊လက်စွပ်တို့အားဖြုတ်ယူသဖြင့် အနီးပတ်ဝန်းကျင်အားအော်အစ် အကူညီတောင်ခံနေစဉ်ထွက်ပြေးသွားခဲ့သဖြင့်စခန်းသို့
သွားရောက်ပြီးအမှုဖွင့်တိုင်ကြား
ခဲ့ရာ စခန်းမှ(ပ)၃၄၇/၂ဝ၁၇ရာဇသတ်ကြီးပုဒ်မ ၃၈၂အရအမှုဖွင့်အရေးယူထားကြောင်း
သတင်းရရှိသည်။
သတင်း - ကိုသန့်ဇင်
No comments: