ထိုင်းနိုင်ငံ ဖစ်ဘူရီမြို့နယ် နောင်စွန်းနယ်မြေတွင် မြန်မာလုပ်သမား လင်မယားနှစ်ဦး ကြိုးဆွဲချသေဆုံး
ထိုင်းနိုင်ငံ ဖစ်ဘူရီမြို့နယ် နောင်စွန်းနယ်မြေတွင် မြန်မာလုပ်သမား
လင်မယားနှစ်ဦး ကြိုးဆွဲချသေဆုံးပြီး ၄င်းတို့နှစ်ဦးဟာ မြန်မာပြည်ကနေ
ထိုင်းနိုင်ငံသို့ ရောက်ရှိလာတာ တစ်လကျော်သာရှိသေးသော MOU
လုပ်သား ဇနီးမောင်နှံ ဖြစ်ပါတယ်။
❄ လက်ရှိမှာ နောင်စွန်းရှိ ခယ်ခေါ့န် ကွန်ပြူတာ အပိုပစ္စည်း
ထုတ်လုပ်သော စက်ရုံမှ လုပ်ကိုင်နေသော လုပ်သားများဖြစ်ပြီး နီးစပ်ရာ
မြန်မာလုပ်သားများရဲ့ ပြောဆိုချက်အရ ၄င်းတို့နှစ်ဦးဟာ မြန်မာငွေ
သိန်း ( ၂၀ )နီးပါး အကြွေး တင်နေကြောင်း သိရပြီး အမှန်တကယ်
မိမိကိုယ် မိမိ သေကြောင်းကြံစည်တာလား အခြားသူများရဲ့ လုပ်ကြံ
ခံရတာလား ဆိုတာတော့ ထိုင်းအာဏာပိုင်များက ဆက်လက်ပြီးတော့
စုံစမ်းနေပါတယ်။
❄ ထူးခြားတာက ၄င်းတို့သေဆုံး နေတာကို တွေ့မြင်ချိန်ဟာ
ဇူလိုင်လ နှစ်ရက်နေ့ ညနေပိုင်း ၄-၂၅ မှာဖြစ်ပြီး သေဆုံးတာဟာ
နေ့လည်ခင်းအချိန် ဖြစ်နေတာကို တွေ့ရပါတယ်။
❄ AAC အဖွဲ့ အနေနဲ့ကတော့ ဖစ်ဘူရီရှိ အမာခံ စေတနာ့ဝန်ထမ်း
တွေရဲ့ သတင်းပေးပို့မှုနဲ့ သိရပေမယ့် ယခုဖြစ်စဉ်အား သွေးရိုးသားရိုး
မဟုတ်ဘူးလို့ သုံးသပ်ပြီး အမှုမှန်ကို သိနိုင်ရန် ထိုင်းအာဏာပိုင်များနှင့်
ပူးပေါင်းဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်။
❄ သေဆုံးနေသော ၄င်းလင်မယားသည် မောင်သော်ဇင်ဖြိုးနှင့်
မဝေနှင်းဖြူတို့ ဖြစ်ကြပါသည်။
၂/၇/၂၀၁၇
ဖစ်ဘူရီခရိုင်
AAC မဟာမိတ်အဖွဲ့
#ရင့်ထွန်း

No comments: