adster160 /320

ဖခင်အရင်းမှ ၁၄နှစ်အရွယ်သမီးကို အဓမ္မကျင့်ရန်ကြံစည်မှု မိခင်ကိုင်တိုင်အမှုဖွင့်

ဖခင်အရင်းမှ ၁၄နှစ်အရွယ်သမီးကို အဓမ္မကျင့်ရန်ကြံစည်မှု မိခင်ကိုင်တိုင်အမှုဖွင့်
------ ------ ----- ----- ------

ဖခင်အရင်းက အသက် ၁၄နှစ်အရွယ် သမီးငယ်အား အဓမ္မပြုကျင့်ရန်ကြံစည်မှုကို ဇူလိုင် ၁၃ ရက်က မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်မြစ်သားမြို့နယ်ရဲစခန်း၌ မိခင်ဖြစ်သူက အမှုဖွင့်တိုင်ကြားခဲ့သည်။

ဖြစ်စဉ်မှာ မြစ်သားမြို့ရှမ်းပွဲရပ်နေ သန်းဝင်းနိုင် (၃၈နှစ်) နှင့်ဇနီးတို့ လင်မယားစကားများသဖြင့် ဇနီးဖြစ်သူ နေအိမ်အပေါ်ထပ်တွင်တက်အိပ်နေခဲ့ရာ ည ၁၂ နာရီအချိန်ခန့်တွင် နေအိမ်အောက်ထပ်တွင် အိပ်စက်နေသည့်သမီးဖြစ်သူထံမှ ငြီးငြူးသံကြားသဖြင့် မိခင်ကဆင်းကြည့်ရာ သမီး၏ဘေးနားတွင် ဖခင်ဖြစ်သူ သန်းဝင်းနိုင်က အောက်ပိုင်းဗလာဖြင့် အိပ်နေသည်ကိုတွေ့ရှိရာ အပေါ်ထပ်သို့ပြန်မတက်တော့ဘဲ သမီး၏ဘေးတွင်အိပ်စက်နေခဲ့သည်။

တဖန် နံနက်လေးနာရီခန့်တွင် သမီး၏အသံကြား၍ထပြီးကြည့်ရာ သန်းဝင်းနိုင်က သမီး၏မအင်္ဂါအား လက်ဖြင့်ကိုင်တွယ်နေသည်ကိုတွေ့ရှိရသဖြင့် "ဒါဘာလုပ်တာလဲ"ဟု မေးမြန်းရာ ဇနီးအထင်ဖြင့်ပြုလုပ်သည်ဟု ပြန်ပြောသည်။

နံနက်လင်းသောအခါ သမီးဖြစ်သူကိုမေးမြန့်ကြည့်ရာ ယခင်ရက်များက ညစ်ညမ်းဗီဒီယိုကားများ ငါးကြိမ်ခန့်ပြသကြောင်း ဇူလိုင် ၈ ရက်နေ့တွင်လည်း သမီးဖြစ်သူ၏အင်္ဂါကို ကိုင်တွယ်ခြင်းများပြုလုပ်ကြောင်း ဖခင်ကိုကြောက်ရွံ့သဖြင့်မည်သူ့ကိုမျှမပြောခဲ့ကြောင်း သိရှိခဲ့ရ၍ သားမယားပြုကျင့်ရန်ကြံစည်သူ သန်းဝင်းနိုင်ကိုအရေးယူပေးရန် ဇနီးကိုယ်တိုင်မှတိုင်တန်းခဲ့သဖြင့် မြစ်သားမြို့မရဲစခန်း ဒုရဲအုပ်အေးမင်းထိုက်က (ပ)၃၅၄/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၅၁၁ အရ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြခေါင်(ကျောက်ဆည်)

No comments:

Powered by Blogger.