တောင်ကုတ်ရေကြီးမှု အခြေအနေ ဆက်လက်ဆိုးရွားနေဆဲ
တောင်ကုတ်ရေကြီးမှု အခြေအနေ ဆက်လက်ဆိုးရွားနေဆဲ
မျိုးမင်း(တောင်ကုတ်)
နိရဉ္စရာ၊ ဇူလိုင် ၂၃
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် တောင်ကုတ်မြို့တွင် ဆေးရုံကွပ်သစ်၊ ညဈေးတန်းနှင့် အနိမ့်ပိုင်း ဒေသများတွင် ယမန့်နေ့ က ၅ ပေခန့် ရေနစ်ခဲ့ရာမှ ယခု အခါ ၈ပေခန့်ထိ ရေတိုးကာ နစ်မြုပ်နေကြောင်းသိရသည်။
ရေနစ်မြုပ်ရာ အနိမ့်ပိုင်းဒေသများတွင် ရိုးမလှိုင်းရခိုင်စာပေရိပ်မြုံ အဖွဲ့မှ စက်လှေ များဖြင့် အစားအသောက်များ ပေးပို့ကူညီနေပြီး ကယ်ဆယ်ရေးအတွက်လည်း အသင့်အနေထား ပြင်ဆင် စီစဉ်ထားကြောင်း သိရသည်။
"စိုးရိမ်စရာအခြေအနေမရှိဘူးလို့တော့ပြောလို့မရသေးဘူး။ ကျွန်တော်တို့ (ဆေးရုံကွပ်သစ်)ဒီမှာတော့ မနေ့ကထက် ရေတိုးလာတယ်။ ကျွန်တော်တို့ လက်လှမ်းမမှီတဲ့ နေရာတွေလည်း ရှိနေသေးတယ်။ စိုးရိမ်စရာလားဆိုတော့ အဲဒီလိုမျိုးတော့ ပြောလို့မရဘူးသေးဘူး" ဟု ရိုးမလှိုင်းရခိုင့်စာပေရိပ်မြုံအဖွဲ့မှကိုရက္ခက ပြောသည်။
မြို့တွင်း (အမြင့်ပိုင်း) အချို့နေရာများတွင်လည်း ရေခါး၊ ရင်ဘတ် နီးပါး ရောက်ရှိနေသော နေရာများရှိကြောင်း တောင်ကုတ်မြို့ ဂူတာရပ်ကွပ်နေ ကိုစိုင်းဇံမြတ်အောင်မှ နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
" ဈေးကြီး ၀င်တဲ့လမ်း၊ ဆေးရိုးတန်းလမ်းမှာဆို ရင်ဘတ်နီးပါးလောက်တော့ ရောက်နေတယ်။ စိုးရိမ်စရာ အခြေအနေရှိလားဆိုတော့ မြို့တွင်းပိုင်းမှာတော့ စိုးရိမ်စရာ အခြေအနေတော့မရှိပါဘူး။ ဒါပေမဲ့ အနိမ့်ပိုင်းတွေဖြစ်တဲ့ ချောင်းကောက် တို့၊ ဆေးရုံကွပ်သစ်တို့၊ ကံပိုင်းတိုးချဲ့ရပ်ကွပ်၊ ညဈေးတန်းနဲ့ ပြီးတော့ သိမ်တောင် ရပ်ကွပ် အပေါ်ပိုင်း(မြို့မအားကစားကွင်းကြီးအထက်ပိုင်း)မှာ တော့ ရေထွက်ပေါက် တွေမရှိတော့ ရေကအိုင်နေတယ်။ ပြီးတော့ ဒီနေ့ဟာ လကွယ်နေ့ဆိုတော့ (ဒီရေ) ရေကအတက်အကျလည်းမြန်တယ် ။ ဘာပဲဖြစ်ဖြစ် အခြေအနေကိုတော့ စောင့်ကြည့်ရဦးမှာ" ဟု သူက ဆိုသည်။
တောင်ကုတ်၊ သံတွဲနှင့် ဂွတို့ အပါအ၀င် ရခိုင်ပြည်နယ် အနှံ့တွင် မိုးအဆက်မပြတ်ရွာသွန်လျှက်ရှိကြောင်း သတင်း ရရှိသည်။
No comments: