adster160 /320

ဆာလာအိတ်အတွင်း ထည့်သွင်းထားသည့် အလောင်းတလောင်း

ပြင်ပဒဏ်ရာမရှိပဲ ဆာလာအိတ်အတွင်း ထည့်သွင်းထားသည့် အလောင်းတလောင်း မြစ်ကြီးနားတွင်တွေ့ရှိ

ဇူလိုင် ၂၄

ရမ်ပူရပ်ကွက်တွင် အိမ်ဌားနေထိုင်သူတစ်ဦး ၎င်းနေထိုင်သည့် ခြံဝင်းအတွင်းတွင် ပြင်ပဒဏ်ရာ မတွေ့ရှိရဘဲ သေဆုံးနေပြီး ဆာလာအိတ်ဖြင့် အထုတ်ခံထားရသော ဖြစ် စဉ် ဖြစ်ပွားခဲ့ကြောင်း ရမ်ပူရပ်ကွက်မှရာအိမ်မှုး တစ်ဦးကပြောသည်။

ဆာလာအိတ် ၃တင်းဝင်အိတ်နဲ့ လူကိုအရှည်လိုက်မထဲ့ဘဲ ဒူး​ခေါင်း​ကိုခေါက်ပြီး လက်အနောက်မှာထားပြီး အိတ်ကိုချုပ်စက်နဲ့ ချုပ်ထားပါတယ် သေဆုံးရတဲ့အကြောင်း စုံကိုတော့ မနက်​ဖြန်​ ဆေးစာရမှသိမယ်ထင်တယ် ဟု ၎င်းပြောသည်။

အဆိုပါ သေဆုံးသူ စိုးအောင်(ခ)အိုကီကျန် ရမ်ပူ လမ်းသွယ်၂၄နယ်မြေ ၂၀ အိမ်အမှတ်၁၇၄၃တွင် ၎င်းဌားရမ်းနေထိုင်သည့် အိမ်ဝင်းအတွင်း၏ အိမ်အနောက်ဘက် အမှိုက်ပုံတွင် တွေ့ရှိရပြီး သေဆုံးသူ၏ သူငယ်ချင်း များ လာရောက် အကြောင်းကြားမှသာ ရပ်ကွက်အတွင်းမှ လူများသိရှိခဲ့ရခြင်းဖြစ်သည်။

သေဆုံးသူဟာသူ့အိမ်ထဲမှာပဲဖြစ်တာပါ အပေါင်းအသင်း လူအဝင်အထွက် များတယ်လို့ ပတ်ဝန်းကျင်က ပြောစကားအရ သိရပါတယ် ။

ယနေ့ ဇူလိုင် ၂၄ တွင် ရင်ခွဲစစ်ဆေးမှာပါဟု မြို့နယ်ရဲမှုး သန်းဦးကပြောသည်။အဆိုပါ သေဆုံးသူကို ဇူလိုင် ၂၃ ရက်ညနေ ၃နာရီ ခန့်တွင် တွေ့ရှိရပြီး သေဆုံးနေသည်မှာ ၃ရက်ကနေ ၅ရက်ခန့် ရှိပြီ ဟုခန့်မှန်းရကြောင်း ရဲမှုးသန်းဦးကပြောသည်။

မီးမီး (မြစ်ကြီးနား)

No comments:

Powered by Blogger.