"ငွေရောင်ပိတ်ကားနောက်ကွယ်က ဟာသမယ် ကစ်ကစ်"
"ငွေရောင်ပိတ်ကားနောက်ကွယ်က ဟာသမယ် ကစ်ကစ်"
ပရိသတ်ကို ပြုံးရွှင်ရယ်မော အောင် ဖျော်ဖြေတင်ဆက်နေရ သော
သူသည် ပြင်ပလူမှုဘဝတွင်တော့ ခက်ခဲကြမ်းတမ်းသည့် ဘဝကို
အန်တုဖြတ်ကျော်နေရသူ ဖြစ်သည်။ ဆီးချို၊ သွေးတိုး အပါအဝင်
ရောဂါဝေဒနာများ၏ ဖိစီးမှုသာမက ကြမ်းတမ်းခက်ခဲသော
လောကဓံကိုလည်း ကျားကန် ရင်ဆိုင်နေရသည်။‘‘အခု ညာဘက်
မျက်လုံးက မြင်ကိုမမြင်ရတော့ဘူး’’ဟု ဟာသ သရုပ်ဆောင်
ကစ်ကစ်က သူ၏ အခန်းအတွင်းရှိ ခုတင်ပေါ်တွင် ခပ်ငေးငေးမှီထိုင်ရင်း
ပြောကြား သည်။ ကစ်ကစ်သည် ဆီးချို အလွန်တက်ရာမှ မျက်လုံးနှင့်
ကျောက်ကပ်ကို ထိသွားခဲ့သဖြင့် ညာဘက်မျက်လုံး ကွယ်ခဲ့ခြင်းဖြစ်သည်။
ပြန်လည်ကုသပါက ကောင်းမွန်နိုင်သော်လည်း သားအမိနှစ်ယောက်
တည်းဖြင့် ရုန်းကန်ဖြတ်သန်းရသည့်ဘဝသည် အလုပ်လုပ်နိုင်မှ
တော်ကာကျမှာမို့ မျက်လုံးတစ်ဖက်တည်းကို အားပြု ကြည့်ရင်းဖြင့်
ဝမ်းရေးအတွက်ဇာတ်ကားများကို ကျန်းမာရေး မကောင်းသည့်ကြား
ကပင် လက်ခံရိုက်ကူးနေရဆဲဖြစ်သည်။ မတ်တတ်ကြာကြာမရပ်နိုင်သလို လမ်းပြင်းပြင်းထန်ထန် လျှောက် ၍မရသောသူက ဆီးချိုဝေဒနာ၏
အတက်အကျကို ခံစားရင်းပရိသတ်ပြုံးရွှင် ရယ်မောအောင်
ပိတ်ကားထက်တွင် အသုံးတော် ခံနေဆဲဖြစ်သည်။
အပြည့်အစုံ.... http://www.7daydaily.com/story/100834
No comments: