adster160 /320

"ချမ်းအေးသာစံမြို့နယ်တွင် နှစ်ပေါင်း ၈၀ ခန့် သက်တမ်းရှိ ထနောင်းပင် လဲပြိုမှုဖြစ်ပွားပြီး ယာဉ်နှစ်စီး ပျက်စီး"

"ချမ်းအေးသာစံမြို့နယ်တွင် နှစ်ပေါင်း ၈၀ ခန့် သက်တမ်းရှိ ထနောင်းပင် လဲပြိုမှုဖြစ်ပွားပြီး ယာဉ်နှစ်စီး ပျက်စီး"

ချမ်းအေးသာစံမြို့နယ်တွင် ဇူလိုင်လ၂၅ ရက်နေ့
ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချမ်းအေးသာစံမြို့နယ်တွင် သက်တမ်း ၈၀ နှစ်ခန့်ရှိသည့် ထနောင်းပင်လဲပြိုမှု ဖြစ်ပွားပြီး ယာဉ်နှစ်စီး၊ ဖုန်းကြိုးနှင့် လျှပ်စစ်ဝါကြိုးများ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယင်းထနောင်းပင် လဲပြိုမှုအား သက်ဆိုင်ရာ တာဝန်ရှိသူများ ရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၃ နာရီ ၁၅ မိနစ်အချိန်တွင် ပြီးစီးခဲ့ကြောင်း နယ်မြေရဲစခန်း (အမှတ်-၆) မှ စခန်းမှူး ရဲအုပ်ခင်သန်းထံမှ သိရသည်။

ဇူလိုင်လ ၂၅ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုများကြောင့် ည ၁၁ နာရီ ၄၅ မိနစ်အ ချိန်ခန့်တွင် ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ အနောက်ရပ်ကွက်၊ ၃၃ လမ်း၊ ၈၅ လမ်းနှင့် ၈၆ လမ်းကြား၊ အကွက် ၅၆၄ ရှိ နေအိမ်တစ်အိမ်ရှေ့တွင်ရှိ သက်တမ်း ၈၀ နှစ်ခန့်၊ လုံးပတ် ၁၃ပေ ခန့်၊ အရှည် ၅၀ ပေခန့်ရှိ ထနောင်းပင်ကြီးသည် လဲပြိုကျခဲ့ကြောင်း သိရသည်။

အပင်လဲပြိုမှုကြောင့် နေအိမ်ရှေ့တွင်ရှိသည့် လိုက်ထရပ် အဖြူရောင်၊ ဟွန်ဒါဖစ် အဖြူရောင် ယာဉ်များပေါ်သို့ ပိကျခဲ့ပြီး ဖုန်းကြိုးများနှင့် လျှပ်စစ်ဝါယာကြိုးများမှာလည်း ပြတ်တောက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထနောင်းပင် လဲပြိုမှုကြောင့် ဒဏ်ရာရရှိသူနှင့် လူသေဆုံးမှု မရှိကြောင်း၊ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း ၈၀ ခန့်ရှိကြောင်း စခန်းမှူး ရဲအုပ်ခင်သန်းထံမှ သိရှိရပါသည်။
            
Writer:
သက်ထွန်းအောင်
Eleven Media Group

ဓာတ်​ပုံ - နယ်​​မြေရဲစခန်း (အမှတ်​-၆)

No comments:

Powered by Blogger.