adster160 /320

"*"အသည်းရောင်အသားဝါ ဘီပိုး နှင့် စီပိုး အကြောင်း သိမှတ်ဖွယ်ရာ အဖြာဖြာ"*"

"*"အသည်းရောင်အသားဝါ ဘီပိုး နှင့် စီပိုး     အကြောင်း သိမှတ်ဖွယ်ရာ အဖြာဖြာ"*"

ယနေ့ ကမ္ဘာ့လူဦးရေ၏ ၃-ပုံ ၁-ပုံ ခန့် မှာ ဘီပိုးရောဂါ ကူးစက်ခံနေကြရပြီး နာတာ ရှည်ရောဂါပိုးသယ်ဆောင်သူ သန်း ၃၅၀-ခန့် ရှိကြောင်း၊ စီပိုး ကူးစက်ခံရပြီး သူပေါင်း မှာလည်း သန်း ၁၈၀ ရှိပြီး နှစ်စဉ်အကူးစက်ခံရသူ ၄-သန်းကျော်ရှိကြောင်း၊ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ အစီရင်ခံစာမှာ မကြာသေးခင်က သတိပေးဖော်ပြထားပါတယ်။ ဘီပိုး၊ စီပိုးဟာ ကူးစက်ရန်လွယ်ကူတာကြောင့် ကမ္ဘာနှင့်အ၀ှမ်း နှစ်စဉ်လူဦးရေ ၁-သန်း ခန့်  သေဆုံးနေရပါတယ်။ မြန်မာနိုင်ငံအနေနှင့်လည်း လူဦးရေ သန်း ၆၀ ၏ ၁၀ ရာ ခိုင်နှုန်းမှာ ရောဂါပိုးကူးစက်ခံရပြီးဖြစ်တာကြောင့် ကျန် ၅၄-သန်းသော ပြည် သူများအတွက် ကာကွယ်ဆေးထိုးဖို့ လိုအပ်နေပါပြီ။ အသည်းရောင်အသားဝါပိုး ဟု ဆိုသော်လည်း အသားမ၀ါဘဲ အသည်းရောင်သောသူများလည်း ရှိကြပါတယ်။

ဒြါေ ကာင့် ဆေး ပညာလောကမှာ အသည်းရောင်ဗိုင်းရပ်စ်ပိုးဟုသာ ခပ်တိုတို ခေါ်ဆိုလေ့ ရှိပါတယ်။ A,B,C,D,E,နှင့် G ဟူ၍ အသည်းရောင်ဗိုင်း ရပ်စ်ပိုး (၆) မျိုးရှိပြီး၊ အ သည်းေ ရာင်ရောဂါ A နှင့် E မှာ ၆-လ အတွင်း ပျောက်ကင်းသွားတာကြောင့် နာတာ ရှည်အသွင် မဖြစ် လာတတ်ပါဘူး။ အသည်းရောင်ရောဂါ B နှင့် C မှာ နာတာရှည် အသွင် လာတတ်ပါတယ်။ တချို့သော အသည်းရောင် ရောဂါ B နှင့် C ဝေဒနာရှင် များမှာ ၆ လကျော်(သို့မဟုတ်)တစ်သက်လုံး အသည်းရောင်ရောဂါကို ခံစားနေရပြီးေ နာက်၊ ထိုသူတွေမှာ နာ တာရှည် အသည်းရောင်ရောဂါမှစ၍ အသည်းခြောက်ရောဂါ၊ အသည်းရောင်ရောဂါ၊ အသည်းကြွပ်ရောဂါ၊ အသည်းကင်ဆာ အထိ တစ်ဆင့်ပြီး တစ်ဆင့် ဖြစ်လာစေပါတယ်။

ကိုယ်ခံအားတွေ ကျဆင်းနေတဲ့အချိန်မှာ ဗိုင်းရပ်စ်ပိုးတွေဟာ အသွင်ပြောင်းပြီးဝင် လာတဲ့အခါမှာတော့ ကိုယ်ခံစွမ်းအားတွေ က ထိုပိုးရဲ့  ၆၀ ရာခိုင်နှုန်းလောက်ကိုသာ တိုက်ထုတ်နိုင်ပါတော့တယ်။ ပိုးကူးစက်ခံရသူတွေ၏ ပျမ်းမျှ ၂၀ ရာခိုင်နှုန်းက အ သည်း ရောင်အသားဝါ ဖြစ်ကြပြီး၊ ၁၀ ရာခိုင်နှုန်းမှာတော့ ရောဂါလက္ခဏာမပြကြ ပါဘူး။ သို့ သော် ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းနေပါ ပြီ။ ၄င်းအနက် ၄ ရာခိုင်နှုန်းမျှေ သာ သူတွေဟာ ကိုယ်ခံစွမ်းအား အနည်းအများပေါ်မူတည်၍ နောင် တစ်နှစ်၊ နှစ်နှစ်၊ ငါးနှစ် စ သည်ဖြင့် အချိန်ကြာလာတဲ့အခါမှာ အသည်းရောင်အသားဝါဖြစ် လာတတ်ြ က ပါတယ်။ မန်ဆာချုးဆက်ပြည်နယ် အမျိုးသမီးဆေး ရုံကြီးမှ ဆရာဝန်များဟာ ထို ကူးစက်ပိုးဝင်နေသူ လူနာသုံးသိန်းကို လေ့လာကြည့်တဲ့အခါမှာ၊ ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းနေ တဲ့ ဘီပိုးဟာ နေ့ စဉ် အကောင်ရေ ဘီလီယံ ၁၀၀ ပွားများပြီး၊ စီပိုး က နေ့ စဉ် အကောင်ရေ ဘီယီယံ ၁၅၀ ပွားတယ်လို့  ကြောက်ခမန်း လိလိ လေ့ လာတွေ့ ရှိခဲ့ပါတယ်။

( ဘီပိုး နှင့် စီပိုး တို့ ကွာခြားချက် )
အသည်းရောင်ရောဂါ ဘီပိုးဟာ စတင်ကူးစက်သော အသက်အရွယ်ကိုလိုက်၍ နာ တာ ရှည်ရောဂါ ဖြစ်နှုန်းကွာခြားပါတယ်။ အ ကယ်၍ လူကြီးအရွယ်မှာ ဘီပိုးစဖြစ်လျှင် ၁၀ ရာခိုင်နှုန်းသာ နာတာရှည်ဖြစ်၍၊ ကျန် ၉၀ ရာခိုင်နှုန်းမှာ သူ့ အလိုလို ပျောက်ကင်း သွားပါတယ်။ ကလေးဘ၀ မှာ စတင်ဖြစ်ပွားပါက ပိုးဝင်သူ၏ ပျမ်းမျှ ၃-ပုံ ၁-ပုံခန့် မှာ နာတာရှည်ဖြစ်၍ ၃-ပုံ ၂-ပုံမှာ အလိုလို ပျောက်ကင်းနိုင်ပါတယ်။ မွေးကင်းစ အရွယ် မှာ ရောဂါကူးစက်ခံရပါက ၉၀ ရာခိုင်နှုန်းမှာ နာတာရှည်ဖြစ်ပြီး၊ ၁၀ ရာခိုင်နှုန်းခန့် သာ သူ့ အလိုလို ပျောက်ကင်းနိုင်ပါတော့တယ်။ အကြောင်းရင်းကတော့ ကလေး ငယ် များ၏ ကိုယ်ခံစွမ်းအား ကောင်းမွန်စွာ မဖွံ့ ဖြိုးသေးတာကြောင့် ပါဘဲ။ ဘီရော ဂါ ပိုး ရှိေ သာ မိခင်နို့ ရည်မှတဆင့် ရင်သွေးငယ်သို့  ကူးစက်နိုင်တာကြောင့် ကလေး ငယ် အား မွေး ကင်းစမှ အသက် ၁-နှစ်အတွင်း ကာကွယ်ဆေးထိုးပေးပါ။
စီပိုးဟာ ဘီပိုးထက် နာတာရှည် ဖြစ်မှုနှုန်းပိုများပါတယ်။ အသည်းရောင်ရောဂါ စီ ပိုးရှိ သူ၏ နာတာရှည်ဖြစ်မှုနှုန်းမှာ အသက်အ ရွယ်လိုက်၍ ကွာခြားမှုမရှိပါဘူး။ အသည်းေ ရာ င်စီပိုးရောဂါ ဖြစ်ပွားပြီးနောက် ၁၅ မှ ၂၀ ရာခိုင်နှုန်းမျှသာ ပျောက်ကင်းနိုင်ပြီး၊ ကျန် ၈၀ မှ ၈၅ ရာခိုင်နှုန်းသော သူများမှာ နာတာရှည်အသည်းရောင် ရောဂါ ဖြစ် ပွားေ လ့ ရှိပါတယ်။ ယနေ့ ချိန်ထိ စီိပိုးတွင် ဘီ ပိုးကဲ့သို့ ကာကွယ်ဆေး ထိထိေ ရာက်ရောက် မရှိသေးပါဘူး။ သို့ သော် ကံကောင်းသည့်အချက်မှာ စီ ရောဂါပိုးဟာ ဘီ ရောဂါပိုး လောက် ကူးစက်နှုန်း မများကြသေးပါဘူး။

( ဘီပိုး နှင့် စီပိုး တို့  ကူးစက်ပုံနည်းလမ်းများ )
အထက်မှာ ဖော်ပြထားခဲ့သလိုပါဘဲ ယနေ့ ကမ္ဘာနှင့်အ၀ှမ်း အသည်းရောင်အသားဝါ ဘီ နှင့် စီ ရောဂါပိုးကူးစက်ခံရသူဦးရေ တ ဖြည်းဖြည်း တိုးပွားလာနေတာကြောင့် ထိုေ ရာဂါများနှင့်ပက်သတ်၍ ကူးစက်နိုင်ပုံကို ဗဟုသုတအဖြစ် အမြင်ကျယ်သိထား သင့် ပါပြီ။ အရပ်သုံးစကားများဖြစ်ကြတဲ့ အေဘီစီ ဟုအလွယ်တကူခေါ်ဝေါ်နေကြေ သာ အေအိုင်ဒီအက်စ်၊ အသည်းရောင် အသားဝါ ဘီ နှင့် စီရောဂါပိုးများ ဟာ ယေ ဘုယျအားဖြင့် ကူးစက်ပုံချင်း တော်တော်လေး ဆင်တူကြပါတယ်။
(၁) မိသားစုအချင်းချင်း တစ်အိမ်တည်းအတူတူနေလျှင် (ဘီပိုး က ကူးစက်နိုင်ဖို့များပြီး၊ စီပိုး ကတော့ မကူးစက်နိုင်ပါ)
(၂) ရောဂါပိုးရှိသောသူ ၏ သွေးနဲ့ထိလျှင် (ဘီပိုး ရော စီပိုး ၂ မျိုးစလုံး သေချာပေါက် ကူးစက်နိုင်ပါတယ်)
(၃) ရောဂါပိုးရှိသူသုံးထားသော အပ်နဲ့ဆိုလျှင် (ဘီပိုး ရော စီပိုး ၂ မျိုးစလုံး သေချာေ ပါက် ကူးစက်နိုင်ပါတယ်)
(၄) မူးယစ်ဆေးဝါး အကြောဆေးထိုးပြီး အပ်တွေရောသုံးလျှင် (ဘီပိုး ရော စီပိုး ၂ မျိုးစလုံး သေချာပေါက်ကူးစက်နိုင်ပါတယ်)
(၅) ပိုးရှိသူ၏ သွေးသွင်းမိလျှင် (ဘီပိုး ရော စီပိုး ၂ မျိုးစလုံး သေချာပေါက်ကူး စက် နိုင်ပါတယ်)
(၆) ပိုးရှိသူ၏ သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်ဓား သုံးမိလျှင် (ဘီပိုး ရော စီပိုး ၂ မျိုးစ လုံး သေချာပေါက်ကူးစက်နိုင်ပါတယ်)
(၇) ပိုးမသန့်စင်တဲ့ ခွဲစိတ်မှုများမှ တဆင့် (ဘီပိုး ရော စီပိုး ၂ မျိုးစလုံး သေချာပေါက် ကူးစက်နိုင်ပါတယ်)
(၈) ကျောက်ကပ်ဆေးတဲ့ စက်မှာ ပိုးပါသွားလျှင် (ဘီပိုး ရော စီပိုး ၂ မျိုးစလုံး သေချာေ ပါက်ကူးစက်နိုင်ပါတယ်)
(၉) နှုတ်ခမ်းချင်းထိမိလျှင်(တံတွေးကတစ်ဆင့်) (ဘီပိုး ရော စီပိုး ၂ မျိုးစလုံး ကူးစက် ဖို့ ခဲ ယဉ်းပါတယ်)
(၁၀) ပိုးရှိသူနှင့် လိင်ဆက်ဆံခြင်း (ဘီပိုး က သေချာပေါက်ကူးစက်နိုင်ပြီး၊ စီပိုး ကေ တာ့ ကူးစက်ဖို့ ခဲယဉ်းပါတယ်)
(၁၁) သာမန် လက်ဆွဲနှုတ်ဆက်နမ်းရှုံ့ ခြင်း (ဘီပိုး ရော စီပိုး ၂ မျိုးစလုံး မကူးစက်နိုင်ပါ)
(၁၂) မိခင် မှ ကလေးသို့ (ဘီပိုး က သေချာပေါက်ကူးစက်နိုင်ပြီး၊ စီပိုး ကတော့ ကူး စက် ဖို့ ခဲယဉ်းပါတယ်)
(၁၃) ချွေးမှ တဆင့် (ဘီပိုး က ကူးစက်နိုင်ဖို့များပြီး၊ စီပိုး က မကူးစက်နိုင်ပါ)
(၁၄) ပိုးပါတဲ့ကိရိယာတွေနဲ့ ခြစ်မိရင်၊ဖောက်မိ လျှင်(ဥပမာ-နားဖောက်ခြင်း၊ ဆေးမင်ကြောင်ထိုးခြင်း၊ လက်သည်းညှပ်၊ သွားနှုတ်၊ ရှားခြစ်၊ ရှားဆွဲခြင်း) (ဘီပိုး ရော စီပိုး ၂ မျိုးစလုံး သေချာပေါက်ကူးစက်နိုင်ပါတယ်)
(၁၅) ရောဂါပိုးရှိသူ၏ အင်္ဂါ အစိတ် အပိုင်း နှင့် တစ်သျှူးများ အစားထိုး ကုသမိလျှင် (ဘီပိုး ရော စီပိုး ၂ မျိုးစလုံး သေချာပေါက်ကူးစက်နိုင်ပါတယ်)

<မှတ်ချက်> (၁) အကယ်၍ မိသားစုဝင်ထဲမှာ တစ်ဦးတစ်ယောက် ဘီ (သို့ မဟုတ်) စီပိုးရှိနေပါက၊ ထိုသူအတွက် ပန်းကန်၊ ခွက် ယောက်၊ ဇွန်း စတာတွေကို ခွဲ၍ သီးခြား သုံးသင့်ပါတယ်။ (ရေနွေးဆူဆူမှာ အချိန် ၅-မိနစ်ခန့် ကြာအောင်စိမ် ၍ ဆေးကြော မှသာ ထိုပိုးတွေ သေစေနိုင်မှာပါ) (၂) တစ်လင်တစ်မယား အိမ်ထောင်ရေးေ စာင့် ထိန်းသော စုံတွဲများအနေဖြင့် တစ်ဦးဦးတွင် စီပိုးရှိပါ က တာရှည်စွာ ကွန်ဒုံးအ သုံး ပြုရန် မလိုအပ်ကြောင်း ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ (CDC) မှ ထုတ်ပြန်ထားပါတယ်။

( ဘီပိုး စီပိုး ကူးစက်ခံပြီးသူများ အထူး သတိပြု ရှောင်ကြဉ်ရန် )
(၁) ဆေးလိပ် မသောက်ပါနှင့် (၂) အသည်းကို ထိခိုက်စေနိုင်သော ဆိုးဆေးပါတဲ့ အစားအသောက်များ၊ မှိုတက်သော အစား အစာများ၊ သက်တမ်းလွန် ပဋိဇီဝေ ဆး ၀ါးများကို ရှောင်ကြဉ်ပါ (၃) စီရောဂါပိုးရှိသူသည် အရက်သုံးစွဲပါက အသည်းခြောက်နှု န်း ပိုမြန်ဆန်သည့်အတွက် အရက်၊ ဘီယာ၊ ၀ိုင်၊ ထန်းရည် စသည်တို့ကိုလုံး ၀ရှောင်ြ ကဉ်ပါ (၄) သွေးမလှူပါနှင့် (၅) မိမိတွင် ဘီပိုး (သို့ မဟုတ်) စီပိုး ရှိနေကြောင်း ကို ဆေး ကုသမှုခံယူတိုင်း သက်ဆိုင်ရာ ဆရာဝန်၊ ဆရာမများအား အသိေ ပး ပြော ကား ပါ (၆) ဘီပိုး (သို့ မဟုတ်) စီပိုး သယ်ဆောင်သူဟာ မိမိ၏ မိသားစုမှာသာမက၊ အလုပ်အကိုင် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာလည်း အသိစိတ်ဓာတ်ဖြင့် ကိုယ်ပိုင် အသုံးအဆောင် ရေခွက်တို့ ကို သီးသန့်ထား၍ အသုံးပြုပါ (၇) ခန္ဓာကိုယ်ထဲမှာ သံ ဓါတ် များလျှင် အသည်းမှာ အမာရွတ်ပိုထင်လွယ်သဖြင့် သံဓါတ်များစွာပါသော အစား အစာများဖြစ်ကြတဲ့ အသည်း၊ အမြစ်၊ ကလီစာ၊ သွေးခဲ များ၊ အနီရောင်အသားများ နှင့် သံဓါတ်အားဖြည့် ပဋိဇီဝဆေးဝါးများကို ရှောင်ကြဉ်ပါ (၈) ဗီတာမင်စီက သံဓါတ်ကို အူလမ်း ကြောင်းမှ စုပ်ယူမှုများစေသဖြင့် ဗီတာမင်စီဓာတ် များစွာပါသော ရှောက်သီး၊ သံပရာသီး၊ ဂရိတ်ဖရုသီး စသည့်အရည်ရွှမ်းသော အသီးများကို အလွန်အကျွံ စား သုံးခြင်းမှ ရှောင်ကြဉ်ပါ (၉) ရောဂါပိုး ၀င်ပြီးသူများအဖို့  ဗီတာမင်စီ ဖြည့်စွက် ပဋိဇီ ၀ဆေးဝါးများ ကို (လုံးဝ) ရှောင်ကြဉ်ပါ (သို့ မဟုတ်) ဆရာဝန်၏ ညွှန်ကြားမှုမရှိဘဲ မလိုအပ်ဘဲ နှင့် မမှီဝဲပါနှင့် (၁၀) အဆီများသော အသား များ၊ ခရု၊ ဂဏန်း ကဲ့ သို့ အ ခွံမာသော ရေသတ္တ၀ါများ၊ ပင်လယ်စာများ ကိုရှောင်ပါ (၁၁) အ၀မလွန်ပါစေနှင့်။

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)

No comments:

Powered by Blogger.