adster160 /320

လှိုင်းဘွဲ့မြို့နယ်တွင် အမျိုးသမီးတစ်ဦး နေအိမ်တွင် အသတ်ခံရ

.

လှိုင်းဘွဲ့မြို့နယ်တွင် အမျိုးသမီးတစ်ဦး နေအိမ်တွင် အသတ်ခံရ
===================================
လှိုင်းဘွဲ ဇူလိုင် ၁၉
ကရင်ပြည်နယ်၊လှိုင်းဘွဲမြို့နယ်၊ ထီးဖိုးကိန်ကျေးရွာတွင် ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၉နာရီ၊ မိနစ် ၃၀အချိန်က လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ ပိုင်ကျုံနယ်မြေရဲစခန်းမှူး ရဲအုပ် ဟန်နိုင်ဦး ဦးစီးအဖွဲ့မှ သက်သေထီးဖိုးကိန်း ကျေးရွာအုပ်ချုပ်ရေးမှူးဦးစောလှထွန်းတို့အဖွဲ့ နှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဒေါ်သီတာအေး (၄၀-နှစ်)၊(ဘ)ဦးခင်မောင်ဖြစ်ကြောင်း သိရပြီး ဦးခေါင်းယာဘက် မျက်ခုံးထောင့်ပေါက်ပြဲဒဏ်ရာတစ်ချက်၊ယာနားနောက် ပေါက်ပြဲဒဏ်ရာ နှစ်ချက်တို့ဖြင့် နေအိမ်အိပ်ခန်း အိပ်ယာအတွင်း  သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ပိုင်ကျုံနယ်မြေရဲစခန်းမှ ဥပဒေနှင့်အညီအမှုရေးဖွင့်ထားပြီး အသေးစိတ်စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။

ZMH
#Crd

No comments:

Powered by Blogger.