"ကျောက်မဲတွင် တွဲကားနှင့် ဖို့ဒ်(Rord) ကားတိုက်"
"ကျောက်မဲတွင် တွဲကားနှင့် ဖို့ဒ်(Rord)
ကားတိုက်"
ယနေ့နံက်၁၀ နာရီခန့်အချိန်တွင် ကျောက်မဲမြို့နယ် မွေတော်ကျေးရွာ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မန္တလေးမှ လားရှိုး ဖက်သို့မောင်းနှင်လာသောတွဲကားနှင့် လားရှိုး ဖက်မှ မန္တလေးဖက်သို့မောင်းနှင်လာသော ဖို့ဒ်(Rord)ကားတို့မျက်နှာခြင်းဆိုင်တိုက်မိပြီး ကားလေးပေါ်ပါယာဉ်မောင်းနှင့် အမျိုးသမီးတဦး(ပွန်းပဲ့ဒဏ်ရာများသာ)ထိခိုက်မိသည်။ကားလေးယာဉ်မောင်းမှာ စတီယာရင်နှင့်ညှပ်နေပြီး မီးသတ်တပ်ဖွဲ့များမှ ကူညီသယ်ထုတ်ပေးသည်။
တွဲကားသမားမှ မဆင်မခြင်ကျော်တက်မောင်းနှင်မှု ကြောင့် တဖက်ယာဉ်ကြောမှကားလေးဖြင့်တိုက်မခြင်းဖြစ်သည်။တွဲကားမောင်းသမားမှာမန္တလေးတွင်နေထိုင်သောမြင့်နိုင်ဆိုသူဖြစ်ပြီး ကားလေးသမားယာဉ်မောင်းမှာရန်ကုန် တာမွေမြို့နယ်နေသူ (ဘ)ဦးမင်းမောင်အေး၏သားမောင်အောင်ကျော်ဦး ၁၂/တမန(နိုင်)၀၉၃၉၆၅ ဖြစ်ပြီး ဝဲဖက်ပါးပွန်းပဲ့|ဝဲနဖူး
ပွန်းပဲ့|ဝဲလက်နာကြင်|ဒဏ်ရာများရခဲ့သည်။
မန္တလေး မူဆယ်တွဲကားအချို့သည် လမ်းကြောမပေးခြင်း|အချို့ ခါလီတွဲကားများဝန်ပေါ့တွဲကားများသည် ကားလေးများနှင့်အပြိုင်မောင်းနှင်ပြီး လမ်းမပေးခြင်းများရှိသည်။ထိုသို့သောတွဲကားအချို့ကြောင့် ကားလေးဖြင့်ခရီးသွားသူများ အထိတ် တလန့်ဖြစ်ရခြင်း စိတ်အနှောင့်အယှက် ဖြစ်ရခြင်းများရှိနေသည်။
မန္တလေး မူဆယ် ပြည်ထောင်စုလမ်းမကြီးသည် ခရီးသွားများအတွက်အန္တရာယ်ရှိသောလမ်းမကြီးအဆင့်သို့ရောက်နေပြီဖြစ်ကြောင်း ဒေသခံများကဆိုပါသည်။
Tin Maung Thein & Min Zin Than
No comments: