သဘာဝပတ်ဝန်းကျင်]ထိုင်ဝမ်ကျွန်းတွင်မုန်တိုင်းတိုက်ခတ်၍ လူ ၈၀ ကျော်ဒဏ်ရာရရှိ
[သဘာဝပတ်ဝန်းကျင်]ထိုင်ဝမ်ကျွန်းတွင်မုန်တိုင်းတိုက်ခတ်၍ လူ ၈၀ ကျော်ဒဏ်ရာရရှိ
=======================================
ထိုင်ဝမ် ၊ ဇူလိုင် ၃၀
ယမန်နေ့က ထိုင်ဝမ်ကျွန်းမှာ တိုက်ခတ်သွားတဲ့မုန်တိုင်းကြောင့် လူ ၈၀ ကျော်ဒဏ်ရာရရှိခဲ့တာကြောင့်ဝန်ဆောင်မှုလုပ်ငန်းအများအပြားပိတ်သိမ်းခဲ့ရပြီး၊ အိမ်ခြေထောင်ပေါင်းများစွာ လျှပ်စစ်မီးပြတ်တောက်ခဲ့ပါတယ်။ ထိုင်ဝမ်ကျွန်းတောင်ဘက်ပိုင်းမှာ ရေကြီးမှုကြောင့် လူ ၄၀ ပိတ်မိနေကြောင်း ကျွန်းအာဏာပိုင်များက ပြောကြားပါတယ်။
တိုင်ဖန်ုး နီဆတ် ဟာ အလယ်အလတ်ပြင်းအားရှိပြီး စနေနေ့ကတည်းက မြေပြိုမှုများဖြစ်ပွားစေကာကျွန်းကိုနှစ်ရက်ဆက်တိုက်ဝင်ရောက်တိုက်ခတ်ဖွယ်ရှိနေပါတယ်။ ကျွန်းတောင်ဘက်စွန်းအပိုင်းများဟာ အကြီးအကျယ်ပျက်ဆီးဖွယ်ရှိတယ်လို့ မိုးလေ၀သဌာနက ကြေညာခဲ့ပါတယ်။ လေတိုက်နှုန်း ကတော့ တစ်နာရီမိုင် ၇၀ (၁၁၉ ကီလိုမီတာ)ဖြစ်ပါတယ်။
ကယ်ဆယ်ရေးလုပ်သား ၈၀ ကျော်ဒဏ်ရာရရှိပြီး လူသုံးဦး ကိုဆေးရုံပို့ထားရပါတယ်။ဒဏ်ရာရသူအများစုမှ ပြုတ်ကျလာသော အပျက်အဆီးများကြောင့်ဖြစ်ပြီး နှစ်ဦးမှာ ဒဏ်ရာအလွန်ပြင်းထန်ပါတယ်။ ။
Thomas
No comments: