သင့်ကလေးတွေ ဒီလိုပြုလုပ်နေလျှင် ဘယ်တော့မှ မတားမြစ်သင့်
သင့်ကလေးတွေ ဒီလိုပြုလုပ်နေလျှင် ဘယ်တော့မှ မတားမြစ်သင့်
ကန့်သတ်ချက်များက ကလေးတစ်ယောက်ကို ပိုတည်ငြိမ်ပြီး လုံခြုံတယ်လို့ စိတ်ပညာရှင်များက ထင်ကြပါတယ်။
သို့သော်လည်း တချို့ကန့်သတ်ချက်များက သူတို့ ဖွံဖြိုးတိုးတတ်မှုကို နှေးကွေးပြီး မလုံခြုံဘူးလို့ ခံစားရစေခြင်းကြောင့် ဆန့်ကျင်ဘက်တွေ ပြုလုပ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးတွေပြုလုပ်ခဲ့ရင် ခွင့်ပြုသင့်တဲ့ တချို့အမှုအရာနှင့် ပတ်သတ်ပြီး ဖော်ပြပေးလိုက်ပါတယ်။
၁။ မေးခွန်းတွေ မေးလာတဲ့အခါ
ကလေးတစ်ယောက်ရဲ့ သဘာဝက စူးစမ်းသင်ယူတတ်ကြပါတယ်။ လောကအကြောင်းကို သင်ယူဖို့နဲ့ ကြီးပြင်းလာဖို့ မေးခွန်းတွေကို ပိုပိုပြီး ရှာဖွေ
မေးမြန်းတတ်ကြပါတယ်။ သူတို့မေးသမျှကို မိဘတွေ ပြန်ဖြေဖို့ ခက်ခဲလိမ့်ပေမယ့် သူတို့မေးတာကို မငြင်းပယ်ပါနဲ့။ ဒါက ကလေးတွေဖွံဖြိုးတိုးတတ်ဖို့ ကူညီပေးယုံသာမက သင့်ကလေးတွေနှင့်အတူ အရည်အသွေးမြင့်တဲ့
အချိန်ပါ။ ဒါက သင့်ကလေးကြီးပြင်းတဲ့အချိန်တောင် သင်နှင့်အတူ နေထိုင်လိမ့်မယ့် သင်နှင့် ကလေးအကြား ခိုင်မာတဲ့နှောင်ကြိုးတစ်ခု ဖန်တီးခြင်းပါ။
၂။ ငိုတဲ့အခါ
ကလေးတွေက လူကြီးတွေထက် အရာရာတိုင်းကို ကွက်ကွက်ကွင်းကွင်း ပိုပြီး ခံစားတတ်ကြပါတယ်။ ငိုနေတဲ့သင့်ကလေးကို မတားမြစ်ပါနဲ့။ မျက်ရည်
တွေအတွက် သူတို့ကို မရှက်ကြောက်စေပါနဲ့။ သူတို့ ဘာကြောင့်ငိုနေလဲဆိုတာ နားလည်အောင်ကူညီဖို့နဲ့ ကိုင်တွယ်နိုင်ရန် နည်းလမ်းရှာဖို့
ပိုကောင်းပါတယ်။
၃။ လောဘကြီးတဲ့အခါ
ကလေးတွေရဲ့သဘာဝက အရုပ်ဆိုလည်းတစ်ခုတည်းနဲ့ မတင်းတိမ်ပါဘူး။ အကုန်လိုချင်တတ်ကြတဲ့ ကလေးတွေပါပဲ။ သူတို့သည် လူကြီးတွေ လုပ်သလို သူတို့ပိုင်ဆိုင်တဲ့အရာများကို ပိုင်ခွင့်ရှိပါတယ်။ လောဘဖြစ်ခြင်းအတွက် ဘယ်တော့မှ မရှက်ကြောက်ပါဘူး။
၎။ No လို့ပြောတဲ့အခါ(မလုပ်ချင်ဘူး၊ မသွားချင်ဘူး ပြောလာတဲ့အခါ)
သင့်ရဲ့ကလေးက သင့်ရဲ့ဘာသာရပ်မဟုတ်ပါဘူး။ သူတို့သည် သူတို့ပိုင်ခွင့်ရှိတဲ့ မိသားစုဝင်တစ်ယောက်ဖြစ်ပါတယ်။ "No "လို့ပြောတာကို တားမြစ်ခြင်းက သူတို့နယ်နိမိတ်ကို ချိုးဖောက်ခြင်းဖြစ်တယ်လို့ ဆိုလိုပါတယ်။ အဲ့ဒီအစား သူတို့သည်တခါတရံ သူတို့ဘာမလိုချင်ဘူးဆိုတာကို ရှင်းပြဖို့
သဘောတူညီချက်တစ်ခု ဒါမှမဟုတ် နည်းလမ်းတစ်ခု ရှာဖွေနိုင်အောင်
ကြိုးစားပါ။
၅။ ဆူညံနေတဲ့အခါ
သင့်ကလေးရဲ့ ငယ်စဉ်ကလေးဘ၀ကို လုယူမထားပါနဲ့။ သူတို့လေးတွေ သီချင်းဆိုပါစေ၊ ဆူညံကြပါစေ။ ဒါက အားလုံးပြီးနောက် သူတို့ကို ဒီလိုလုပ်ဖို့ လွတ်လပ်တဲ့အချိန်က သူတို့ဘ၀ရဲ့ ကာလအပိုင်းအခြားမျှသာဖြစ်ပါ
တယ်။
၆။ လှို့ဝှက်ချက်တွေ ရှိတဲ့အခါ
အရွယ်ရောက်တဲ့ သင့်ကလေးတွေမှာ သူတို့ရဲ့privacyရှိဖို့ လိုအပ်ပါတယ်။ သူတို့ ဘယ်သွားမယ်ဆိုတာကို သင်သိသင့်ပေမယ့် ကျူးကျော်မှု မလုပ်ဖို့တော့ သေချာပါစေ။ သင့်ကလေးရဲ့ ယုံကြည်မှုကို တန်ဖိုးမဖြတ်ခြင်းဖြစ်ပြီး လှို့ဝှက်ချက်အတွက် သူတို့ရဲ့ ဒိုင်ယာရီကို ဖတ်ခြင်းက စွန့်စားဖို့မကောင်းပါဘူး။
၇။ စိတ်ဆိုးခြင်း ဒါမှမဟုတ် မနာလိုခံစားရတဲ့အခါ
ကလေးလည်း လူတစ်ယောက်ပဲဖြစ်ပြီး သူတို့မှာ အနုတ်သဘောဆောင်တဲ့ ခံစားချက်တွေ ရှိပိုင်ခွင့် ရှိပါတယ်။ သူတို့ကိုယ်သူတို့ ပြဿနာကို ထိန်းချုပ်နိုင်စွမ်း ရှိကြပါတယ်။ သင့်ရဲ့ကလေးတွေကို ဆိုးသွမ်းတဲ့ ကလေးတွေလို့ မထင်ပါနဲ့။ သူတို့မှာလည်း ခံစားချက်ရှိပါတယ်။ သူတို့ခံစားချက်တွေ ဖော်ပြခြင်းကို ရပ်တန့်မပေးသင့်ပါဘူး။
၈။ အမှားတွေပြုလုပ်တဲ့အခါ
ဘယ်သူမှတော့ အမှားတွေ လုပ်တာကို မကြိုက်ပါဘူး။ သူတို့အမှားတွေ လုပ်မိလို့ လူကြီးတစ်ယောက်က ဆူလိုက်လျှင် ပိုတောင်ဆိုးသွားစေပါတယ်။ သူလုပ်တာမှားလို့ ဆူလိုက်တာနဲ့ သူတို့ဘယ်အလုပ်မဆို မလုပ်ချင်တော့တာ အံ့သြစရာတော့ မရှိပါဘူး။
#TB_Nandar
Souce- brightside
No comments: