adster160 /320

သင်္ချိုင်း အဝင်ပေါက်ကို ဆေးခြယ်ခြင်း

သင်္ချိုင်း အဝင်ပေါက်ကို ဆေးခြယ်ခြင်း
—————————————–
—လူတွေဟာ အသက်ရှင်နေစဉ်မှာ ပြင်ကြ ဆင်ကြ၊ လှလှပပ နေထိုင်သွားလာနေကြပြီး တန်ဖိုးဖြတ်မရနိုင်တဲ့ သူတွေ ဖြစ်နေကြပေမယ့် သေသွားရင်တော့ တိရစ္ဆာန်တကောင်လောက်တောင် တန်ဖိုးမရှိကြတော့ပါ။

ကြက်သေတကောင်၊ ၀က်သေတကောင်က ရောင်းစားရင် တန်ဖိုးထိုက်သင့်သလောက်ရပေမယ့် လူသေကိုတော့ အလကားပေးတောင် ယူချင်သူ မရှိကြတော့ပေ။ ဒါကြောင့်-လူသေတွေကို လူအရှင်များနဲ့ဝေးတဲ့နေရာကို စွန့်ပစ်ကြရပါတယ်။ ဒီ-
လူသေကောင်တွေ စွန့်ပစ်တဲ့နေရာကို သင်္ချိုင်းလို့ ခေါ်ကြပါတယ်။

ကြက်၊ ၀က်၊ ဆိတ်၊ ငါး၊ နွား-စတဲ့ တိရစ္ဆာန်တွေကတော့ သက်ရှိထင်ရှားရှိနေချိန်မှာ လူတွေလောက် တန်ဖိုးမရှိ၊ ဂုဏ်မရှိပေမယ့် သေသွားတဲ့အခါမှာတော့ လူတွေထက်တန်ဖိုးရှိနေပါတယ်။ ဘာကြောင့်လဲ-
အဲဒီ တိရစ္ဆာန်အသေတွေကို သက်ရှိလူသားတွေက တန်ဖိုးသတ်မှတ် ပေးဝယ်ပြီး ပါးစပ်ထဲ ပစ်သွင်းနေကြလို့ပဲဖြစ်ပါတယ်။

ဒါကြောင့်မို့-လူအသေတွေ စွန့်ပစ်တဲ့နေရာကို သင်္ချိုင်း-လို့ခေါ်သလို တိရစ္ဆာန်အသေတွေ စွန့်ပစ်တဲ့နေရာဖြစ်တဲ့ ကျုပ်တို့ရဲ့ ပါးစပ်တွေဟာလဲ သင်္ချိုင်းများသာဖြစ်ပါတယ်။
လူသေတွေ စွန့်ပစ်တဲ့နေရာနဲ့ တိရစ္ဆာန်အသေတွေ စွန့်ပစ်တဲ့နေရာ-သက်ရှိသင်္ချီုင်းနဲ့ သက်မဲ့သင်္ချိုင်းသာ ကွာခြားတာပါ။

ဒီတော့-နှုတ်ခမ်းနီဆိုးနေသူများဟာ သင်္ချီုင်းအ၀င် မုခ်ဦးကို ဆေးခြယ်၊ ဆေးသုတ်ပြီး အလှဆင်နေသူများလို့ ဆိုရမှာဖြစ်ပါတယ်။
သင်္ချိုင်း အ၀င်ပေါက်ကို အလှပြင်ဆင်နိုင်ကြပါစေ။

No comments:

Powered by Blogger.