"ကသာမြို့နယ်တွင် သက်ငယ်မုဒိန်း ကျူးလွန်ရန် ကြံစည်သူအား ဖမ်းဆီး
"ကသာမြို့နယ်တွင် သက်ငယ်မုဒိန်း ကျူးလွန်ရန် ကြံစည်သူအား ဖမ်းဆီး"
ကလေးမိဘများ အတွက် ဆင်ခြင် သတိပြုဖွယ်ရာ မှုခင်းတစ်ပုဒ် ဖြစ်ပါတယ် ။
အရွယ်မရောက်သေးတဲ့ သမီးငယ်လေးများ ကို ငါ့သမီးလေး က ငယ်ငယ်လေး ရှိပါသေးတယ် ဘာမှမဖြစ်လောက်ပါဘူး လို့ ထင်မြင်ယူဆကြပြီး ပေါ့ပေါ့ဆဆ နေတတ်သူတွေ သိစေချင်လို့ပါ ။
ကသာမြို့နယ် အတွင်း က ကျေးရွာလေး တစ်ရွာမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်လေးပါ။ (၂ . ၈ . ၂၀၁၇) ရက်နေ့ ညနေ(၅း၃၀) အချိန်ခန့် ဒေါ်သီ . . သည် သမီး ဖြစ်သူ မ . . (အသက် - ၇ နှစ်) (၁)တန်း ကျောင်းသူလေး ကို ရွာထဲ က ဆိုင်တစ်ဆိုင်မှာ ကြက်ဥ သွားဝယ်ဖို့ စေလွှတ်လိုက်ပါတယ် ။ သိပ်မကြာခင် အချိန်လေး အတွင်းမှာပဲ သမီးဖြစ်သူ မ. . ဟာ မိခင်ထံသို့ ငိုယိုပြီး ပြန်ပြေးလာတာကို တွေ့ရလို့ မိခင်ဖြစ်သူ က ဟဲ့ ဘာဖြစ်လာတာလဲ လို့ မေးလိုက်တော့ သမီးငယ်လေး က ပြောပြပါတယ် ။ မိခင် ခိုင်းလိုက်တဲ့ အတိုင်း ကြက်ဥ ဝယ်ပြီး အိမ်အပြန် ရွာလမ်းကြား နွားတင်းကုတ် နှင့် ခြုံပုတ် တစ်ခု အနီးသို့ အရောက် မျက်နာခြင်းဆိုင်မှ လမ်းလျှောက်လာသူ ဖြူပြာနက် ကွက်ကြား လက်ရှည်အင်္ကျီ နှင့် ပုဆိုး အပြာကွက်စိပ် ဝတ်ဆင်ထားသူ အမည်မသိ အမျိုးသားတစ်ဦး မှ မ. . ကို ပွေ့ချီ၍ ခြုံပုတ်ထဲ သို့ ခေါ်ဆောင်ကာ လက်တစ်ဖက်က ပါးစပ်ကို မအော်နိုင်အောင် ပိတ်ပြီး ကျန်လက်တစ်ဖက်ဖြင့် မ . . ၏ မိန်းမ အင်္ဂါကို ထိုးနှိုက်ခဲ့သည် ဟု ဆိုသည်။ ထိုသို့ ပြုလုပ်နေစဉ် နွားတင်းကုတ်သို့ နွားချည်ရန် ရောက်ရှိလာသူ တစ်ရွာထဲနေ ဦးစိန် ၏ သီချင်းဆိုသံ ကြားရသဖြင့် အဆိုပါ အမျိုးသား မှာ သမီးငယ်လေး မ. . ကို ထားရစ်ကာ ထွက်ပြေး သွားခဲ့သည် ဟု ပြောပြသည်။ နွားတင်းကုတ်သို့ နွားချည်ရန် ရောက်ရှိလာသူကလည်း အမျိုးသား တစ်ဦးထွက်ပြေးသွားသည်ကို သူလည်း မြင်လိုက်ကြောင်း ပြောဆိုသဖြင့် ကလေးမိခင် က ရွာထဲရှိလူများအား ပြောပြ အကူအညီတောင်းခံပြီး သမီးငယ် ပြောပြသည့် အင်္ကျီအရောင် နှင့် ပုဆိုးအရောင် ဝတ်ဆင်ထား သူကို ရွာလူကြီးများနှင့်အတူ လိုက်ရှာကြရာ ရွာထဲရှိ အိမ်တစ်အိမ် တွင် အဆိုပါ အင်္ကျီ နှင့် ပုဆိုးအရောင် ဝတ်ဆင်ထားသူကို တွေ့ရှိရသဖြင့် သမီးငယ်အား ပြသ၍ မေးမြန်းရာ ၄င်းလူ ဟုတ်မှန်ကြောင်း ပြောပြခဲ့သဖြင့် အဆိုပါလူသည် တစ်ဖက်ရွာမှ ဌေးလင်းအောင် ဆိုသူဖြစ်ကြောင်း သိခဲ့ကြရသည်။
ထို့ကြောင့် ဌေးလင်းအောင် (၂၃ - နှစ်) ကသာမြို့နယ် နမ့်စမ်းကျေးရွာ နေထိုင်သူ ကို ဖမ်းဆီးခဲ့ပြီး (၇)နှစ် အရွယ် ကလေးငယ် မ . . ကို ရဲဆေးစာဖြင့် ဆေးရုံ၌ ဆေးစစ်ချက်ကို ရယူစေခဲ့သည်။ သက်သေများ နှင့် ကာယကံရှင်တို့ကို စစ်ဆေးလျှက်ရှိပြီး ကသာမြို့မ ရဲစခန်း က ဌေးလင်းအောင် ကို (ပ)၂၂၃/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ-၃၇၇ အရ အရေးယူ ဆောင်ရွက်လျှက် ရှိပါတယ် . .
ပြောချင်တာကတော့ ကလေးမိဘများ အထူးသဖြင့် သမီးမိန်းကလေး အမေများ အနေဖြင့် မိမိတို့ သမီးလေး ငယ်ပါသေးတယ်လို့ ဘာမှ မဖြစ်နိုင်ပါဘူး ရယ်လို့ ပေါ့ပေါ့ဆဆ မတွေးပဲ ရင်အုပ်မကွာ ထားရှိရင်း ထိန်းသိမ်းစောင့်ရှောက် စေခြင်တာပါ ဒီဖြစ်ရပ်မှာ ဆက်စပ်တွေးကြည့်မယ် ဆိုရင် လူသံကြားလိုက် ရလို့သာ ကလေးငယ်ကို ထားပြီး ထွက်ပြေးသွားခဲ့တာပါ လူခြေပြတ်တဲ့ နေရာမျိုးမှာဆို ကလေးငယ်ရဲ့ ဘဝဟာ အသက်ဆုံးရှုံးရမယ့် အနေအထားမှာ ရှိပါတယ် . . ကလေးမိဘများ ဒီဖြစ်ရပ်ကို ရှုမြင်ပြီး မိမိတို့ရဲ့ သမီးငယ်လေးများကို တန်ဘိုးထား ထိန်းသိမ်းစောင့်ရှောက် နိုင်ကြပါစေကြောင်း ရေးသားလိုက်ရပါသည်။
နိုင်ကြီး (ကသာ) , မြင့်လွင်
No comments: