မနော၏ဗိုလ်အောင်ဒင်သီချင်းခွေ ပျောက်၍ ၇ထပ်တိုက်ပေါ်မှ တောသားတဦးခုန်ချသေဆုံး
မနော၏ဗိုလ်အောင်ဒင်သီချင်းခွေ ပျောက်၍
၇ထပ်တိုက်ပေါ်မှ တောသားတဦးခုန်ချသေဆုံး
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တွင်လာရောက်နေထိုင် မကွေးတိုင်း ပွင့်ဖြုမှ
ချက်ကြီး (ခ) ဝက်သိုး အသက်၂၄နှစ်အရွယ်
သည် ၇လွှာတိုက်ခန်းတွင် ငှားရမ်းနေထိုင်ပြီး
အချဉ်ပေါင်း ရောင်းသူတဦးဖြစ်ပါသည်။
၉ရက်နေ့က အချဉ်ပေါင်းရောင်းပြီး
အိမ်ပြန်လာစဉ် အခန်းတံခါးမှာ ပွင့်နေ၍
အိမ်ထဲသို့ စစ်ဆေးကြည့်ရာ
vcd စက်ထဲတွင် ထည့်ထားသော
မနော၏ဗိုလ်အောင်ဒင် သီချင်းခွေမှာ
ပျောက်ဆုံးနေကြောင်း တွေ့ရှိရသဖြင့်
စိတ်ဓါတ်အကြီးအကျယ်ကျဆင်းပြီး
၇လွှာတိုက်ခန်းပေါ်မှ ခုန်ချခဲ့ကြောင်း
စုံစမ်းသိရှိရပါသည်။
မျက်မြင်တဦးဖြစ်သူ ကိုသိန်းတန် ကို
သတင်းထောက်မှ မေးမြန်းရာ
" အကိုရေ . . ဒီအချဉ်ပေါင်းရောင်းတဲ့သူက
တောသားလား အယ်ကို"
"ဟုတ်တယ်ဗျာ မကွေးကလာတာလို့သိရတယ်"
"ဟိုဝှါလေ . . သူခုန်ချတာ နေ့လည်ကမလား
အခု သူသေနေတဲ့ပုံက ညပိုင်းဖြစ်နေတယ်
အဲ့ဒါ ဘာဖြစ်လို့လဲ အယ်ကို"
"ဒီတောသား ခုန်ချတာ ၁၂နာရီလောက်ကပါ
သူ ထမင်းစားပြန်လာတဲ့အချိန်ပေါ့
ပတ်ဝန်းကျင်က လူတွေလဲ တော်တော်လေး
စိတ်ညစ်နေရတယ် ဒီတောသား အခန်းကို
ပြန်လာတိုင်း ဗိုလ်အောင်ဒင်သီချင်းပဲ
ဒိုင်ခံဖွင့်တော့ အနီးအနားကလူတွေက
သူ ပြန်မလာရင် နားအေးတယ်ဆိုသလို
ပြောဆိုနေကြတာပေါ့ . ..
သူ ၁၂နာရီလောက်က ခုန်ချပြီး
အောက်မှာ ခွေခွေလေးဖြစ်နေတယ်
အနီးအနားက လူတွေကလဲ . .
ဒီ တောသား မသေသေးတော့
ဘယ် သူနာပြုယာဉ်မှ မခေါ်ကြဘူးလေ
အကုန်လုံးက ဒီတောသား သေတဲ့အထိ
ထိုင်ကြည့်နေတာပါ ညမိုးချုပ်မှ
အသက်ငင်ပြီး အကြောတွေဆန့်နေတာ
သေချာပြီးဆိုတော့မှ ဝမ်းသာအားရနဲ့
သူနာပြုယာဉ်တွေခေါ်ကြတော့တာပေါ့
ဒါကြောင့် သေခါနီးအချိန်က ညဖြစ်နေတဲ့ပုံ
တင်ထားရပါတယ်" လို ဝမ်းသာအားရ
ပြောကြားသွားခဲ့ပါသည်။
No comments: