"ကော့သောင်းမြို့လေဆိပ်တွင် ဘိန်းစာရွက်များဖမ်းဆီရမိ"
"ကော့သောင်းမြို့လေဆိပ်တွင် ဘိန်းစာရွက်များဖမ်းဆီရမိ"
၉.၈.၂၀၁၇ရက်နေ့ ၁၂၀၀အချိန်တွင် ကော့သောင်းမြို့ လေဆိပ်တွင် မြန်မာ့အမျိုးသားလေးကြောင်းလိုင်းဖြင့် ကော့သောင်းမှ ထားဝယ်သို့လိုက်ပါမည့် ခရီးသည် ဆန်းဦး၏ ခရီးဆောင်အိတ်အား X-Ray စက်ဖြင့် စစ်ဆေးစဉ် မသင်္ကာဘွယ်တွေ့ရှိရသဖြင့် မူးယစ်ရဲတပ်ဖွဲ့စု၊ လေကြောင်းရဲတပ်ဖွဲ့စုနှင့် X-Ray စက်တာဝန်ခံ လေကြောင်း ဦးစီးဌာနတို့မှ ဖွင့်ဖောက်စစ်ဆေးရာ ငှက်ပျောရွက်ဖြင့်ထုတ်ထားသော ဘိန်းစာရွက်အစို (၁၃၀)ဂရမ်းအားရှာဖွေတွေ့ရှိသဖြင့် သက်သေများရှေ့ သိမ်းဆည်းပြီး စစ်ဆေးရာ ရနောင်းမြို့နေ ထိုင်းလူမျိုးထံမှ သုံးစွဲရန် ဝယ်ယူခဲ့ကြောင်း သိရှိရသဖြင့် ဆန်းဦးအား ကော့သောင်းမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိပါသည်။
Tanintharyi Police
(မှတ်ချက် ။ ။ ထိုင်းနှင့်မလေးရှားတွင် ဘိန်းစာပင်အား ဆေးဘက်ဝင်စားသုံးရန် တစ်အိမ်လျှင် တစ်ပင်နှုန်း စိုက်ပျိုးခွင့်ပေးထားသည်)
ကျိုက်မရော/မုဒုံ သတင်းစုံ
No comments: