ချစ်တင်းနှောနေတဲ့ စုံတွဲများထံက လူရိုက်ပြီး ဆိုင်ကယ်လုယူခဲ့ကြတဲ့ ငနဲသုံးကောင်ကို ရဲကဖမ်းလိုက်ပြီ
ချစ်တင်းနှောနေတဲ့ စုံတွဲများထံက လူရိုက်ပြီး ဆိုင်ကယ်လုယူခဲ့ကြတဲ့ ငနဲသုံးကောင်ကို ရဲကဖမ်းလိုက်ပြီ
မကြာခင်အမှ လွတ်ငြိမ်းသာနဲ့ ထောင်ကပြန်လာတဲ့ မင်းခန့်ကျော်ဟာ ဒုစရိုက်မှုကို လက်တည့်စမ်းလိုတဲ့ လူသစ်တန်း လူငယ်လေးများကို လက်တွေ့သင်ခန်းစာပေးနိုင်ဖို့ ချစ်တင်းနှော စုံတွဲများကျင်လည်သည့်နေရာသို့ ခေါ်ဆောင်သွားပါတယ် …။
ချစ်သူရည်းစားဆိုတဲ့ စည်းဘောင်ကိုကျော်လွန်ပြီး ချစ်စိတ်တွေ တဖိန်းဖိန်းတက်နေပြီး မိုးမမြင် လေမမြင် လူသူလေးပါးနဲ့ အရှက်အကြောက်ကိုတောင် မမြင်နိုင်ဖြစ်နေတဲ့ စုံတွဲဟာ ထောင်ပြန်ကြီး မင်းခန့်ကျော်တို့အဖွဲ့ရဲ့ လက်တည့်စမ်းစရာ လက်စမ်းကွင်းဖြစ်လာပါတော့တယ် ..
ဒီတော့ … ထောင်ပြန်ကြီး မင်းခန့်ကျော်တို့အဖွဲ့ဟာ အဲ့ဒီ စုံတွဲကို ချောင်းမြှောင်းတိုက်ခိုက်ပြီး ဆိုင်ကယ်နဲ့ ကောင်လေး အသက်ကိုပါ လုယူသွားခဲ့ကြပါတယ်…။ ကိုယ့်ချစ်သူ ရုပ်အလောင်းကိုတောင် မြင်နိုင်ဖို့ အခွင့်အရေး မရလိုက်နိုင်တာက သူမဟာ ရရှိဒဏ်ရာနဲ့ ဆေးရုံတက်နေရလို့ပါဘဲ …။
ရာဇ၀တ်ဘေး ပြေးမလွှတ်ဆိုတဲ့ စကားအတိုင်း ထောင်ပြန်ကြီး မင်းခန့်ကျော်နဲ့ကို ရဲတပ်ဖွဲ့က အခုလို တိုလ်းဂိတ် တနေရာကနေ စောင့်ဆိုင်းဖမ်းဆီးလိုက်ပါတယ် ….
ချစ်သူဆုံတွဲများကလည်း လူမြင်မခံရဲ .. ဒုစရိုက်သမားကလည်း လူမြင်မခံရဲ .. မျက်မြင်သက်သေအား အလွန်နဲပါးတဲ့ ရပ်ဝန်းဆိုတာ ရာဇ၀တ်မှုခင်းများ ကျက်စားရာဖြစ်လာတယ် …။ ဒီတော့ နည်းလမ်းမကျတဲ့ မေတ္တာနဲ့ စည်းစမ်းမဲ့စွာ ချိန်းဆိုတွေ့ကြတော့ လုယက်ခံကြတာပေါ ..။
အဲ့ဒီ အခြေအနေတွေကို မလွဲမရှောင်သာပိုင်ဆိုင်ထားကြရတဲ့ ခေတ်လူငယ်မိဘများရဲ့ စိုးရိမ်ကြောင့်ကြရမှု အခြေအနေ …၊ အသွားမတော် တလှမ်းဆိုသလို လူသွား လူလာပြတ်တဲ့နေရာမှာ ချစ်သူရည်းစား အဆင့်ဘောင်ကို ကျော်လွန်ဖို့ ချိန်းဆိုတွေ့ကြတဲ့ စုံတွဲများရဲ့ ကြုံတွေ့ရတဲ့ ဒုက္ခ…၊ ရာဇ၀တ်မှုတွေ ဖြစ်ပျက်လာတဲ့အခါ ပညာရေးတွေဆုံးရှုံး ..ဒီထက်မက ကိုယ့်ချစ်သူ အသက်ပါ ဆုံးရှုံးပြီး လူဘုံအလယ်မှာ အညွှန့်မချိုးဘဲ အညွှန့်ကျိုးသွားရတဲ့ ပန်းတပွင့် …
စတဲ့ …စတဲ့.. အဖြစ်အပျက်တွေကို အချိတ်အဆက်မိမိနဲ့ မိဘပြည်သူတွေကို အသိပညာပေးနိုင်ဖို့ မုံရွာသူ မုံရွာသားတွေ စုပေါင်းပါဝင်တဲ့ လူငယ်အသိပညာပေး ရုပ်သံဇာတ်လမ်းအား ဒါရိုက်တာ ကိုတိုးကြီး ၊ ကိုတိုး(ချင်းတွင်း)မှ စိတ်ကူးပုံဖော်ကာ ယနေ့ စတင်ရိုက်ကူးလိုက်တဲ့ ဇာတ်လမ်းလေးက …. ကိုင်းမှား နားတဲ့ ငှက် … ဆိုတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ် …
အားလုံးကို ချစ်ခင်လေးစားစွာဖြင့်
No comments: