adster160 /320

လင်မယားကွာရှင်းခွင့်တောင်းဖို့လိုတဲ့အချက်အလက်များ(အကျဉ်းချူ ပ်)

လင်မယားကွာရှင်းခွင့်တောင်းဖို့လိုတဲ့အချက်အလက်များ(အကျဉ်းချူ ပ်)

(အရပ်ထဲက စကားတွေနားမယောင်ပါနဲ့)အရပ်ထဲမှာပြောပြောနေတဲ့…လင်မယား ၆လ/၁နှစ်/၃နှစ် မပေါင်းပဲနေရင်လင်ခန်းမယားခန်းပြတ်တယ်ဆိုတာယုံပြီးတရားဝင်မပြတ်သေးပဲ…နောက်အိမ်ထောင်မပြု ကြပါနဲ့…တလင်တမယားဥပဒေနဲ့ အာမခံတောင် မရပါဘူး…

နောက်တချက်က…တချို့ တရားဝင်တော့ပြတ်စဲတယ်…ဒါပေမဲ့ လူသိရှင်ကြားပြန်ပေါင်းတယ်…နောက်လင်မယားပြန်ကွဲတယ်…ဒါကို…တရားဝင်ထပ်ကွာရှင်းရမှာမသိပဲ…အရင်စာချူ ပ်ရှိနေတာ မလိုပါဘူးလို့နေပြီး လင်(သို့)မယားကနောက်အိမ်ထောင်ပြု ရင်…တလင်တမယားဥပဒေနဲ့ငြိပြန်ပါတယ်…(ကွာရှင်းပြီး အထင်အရှားပြန်ပေါင်းသင်းရင် စာချူ ပ်အလိုလိုပျက်ပြယ်လို့ပါ)…

(ဘယ်လိုအခြေအနေဆိုရင် ကွာရှင်းခွင့်တောင်းနိုင်လဲ)…(အကျဉ်းချူ ပ်ပါ)

လုံလောက်သောအကြောင်းပြချက်မရှိပဲ လင်ဖြစ်သူက နေအိမ်မှထွက်ခွာပြီး…(၃)နှစ်တိုင် ငွေကြေးမထောက်ပံ့/ပြန်ပေါင်းဖို့အဆက်အသွယ်မလုပ်/မကြိုးစားခြင်း…ဒဏ်ရာရစေလောက်အောင် ရက်စက်မှု့ကျူးလွန်ခြင်း…(ဒါက…မယားဖြစ်သှူမှ ကွာရှင်းခွင့်တောင်းနိုင်တဲ့အချက်တွေပါ)…

မယားလုပ်သူမှ လုံလောက်သောအကြောင်းပြချက်မရှိပဲ…နေအိမ်မှထွက်ခွာခြင်း/ထွက်ခွာပြီးတနှစ်အတွင်း လင်နဲ့ပြန်ပေါင်းရန်မဆက်သွယ်ခြင်း/မကြိုးစားခြင်း(ယောက်က္ခမနဲ့စိတ်ဆိုးလို့ယောင်းမနဲ့ရန်ဖြစ်လို့ )စတာတွေက လုံလောက်တဲ့အကြောင်းပြချက်မဟုတ်တာသတိထားပါ(ဒါက…လင်ဖြစ်သူမှ ကွာရှင်းခွင့်တောင်းနိုင်တဲ့အချက်တွေပါ)…

အိမ်ထောင်သည်အမျိုးသမီးတွေသတိထားပေါ့(ထစ်ခနဲရှိ အိမ်ကဆင်းမယ်…ကလေးသံယောဇဉ်နဲ့ ငါ့ပြန်လာခေါ်မှာပါလို့မထင်ပါနဲ့…လာမခေါ်ပဲ တနှစ်ပြည့်ရင်သူကကွာရှင်းခွင့်တောင်းရင် အလကားနေ…တခုလပ်ဘဝရောက်ရမှာပါ)…

တလင်တမယားစနစ်ကျင့်သုံးရေးဥပဒေအကျဉ်း

…မြန်မာနိုင်ငံအတွင်း/ပြင်ပတွင်နေထိုင်သော…မြန်မာနိုင်ငံသား(ဧည့်/ပြု နိုင်ငံသားအပါအဝင်) များသည်…ကိုကွယ်ရာဘာသာအရသော်၎င်း ဓလေ့ထုံးတမ်းအရသော်၎င်းလက်ရှိအိမ်ထောင်တည်မြဲနေစဉ်…အခြားသူတစ်ဦးနှင့် ထိမ်မြားခြင်း/တရားမဝင်လင်မယားကဲ့သို့ပေါင်းသင်းနေထိုင်ခြင်း မပြု ရ…(အရင်လို…ကိုးကွယ်ရာဘာသာအရ…ဓလေ့ထုံးတမ်းအရခွင့်ပြု ထားလို့ယူတာပါလို့ မရဘူးနော်)…(ဒါကြောင့်)မုဆိုးဖို/မုဆိုးမ/တခုလပ်/တလင်ကွာ/လူပျို /အပျို မှလွဲ၍…လက်ရှိအိမ်ထောင်ရှိသူမှန်သမျှ…ဆန့်ကျင်ဖက်လိင်နှင့် တရားမဝင်ပေါင်းသင်းနေထိုင်ပါက…ဤဥပဒေပုဒ်မ(၁၃)အရ ထောင်ဒဏ်(၇)နှစ်အထိကျခံစေ…(လူသတ်မှု့လောက်ရှိတယ်နော်)…အိမ်ထောင်ရှိလျက်နဲ့ လူလွတ်ဟုလိမ်ညာပြောဆို လက်ထပ်ပါက ဤဥပဒေ ပုဒ်မ(၁၇)အရ ထောင်ဒဏ်(၁၀)နှစ်ထိကျခံစေ…နစ်နာသူမှ နစ်နာကြေးတောင်းခံစေ…(ထောင်ကျခံရမဲ့အပြင်လျော်ကြေးပါပေးရမှာနော်)…ဤဥပဒေပါ ပုဒ်မ(၁၄)(၁၅)တို့အရ…အပြစ်မရှိသူမှ အပြစ်ရှိသူအား တရားဝင်ကွာရှင်းခွင့်တောင်းခံစေ…လက်ထပ်ပွားနှစ်ဦးပိုင်ပစ္စည်းများအား အပြစ်မရှိသူက အကုန်ယူစေ(သေပြီလေထောင်ကလဲထွက်ရော လူလဲလမ်းဘေးရောက်ရော)…အိမ်ထောင်သည်ယေက်ကျာင်္းနှင့်…အပျို ဆိုပါက…အိမ်ထောင်သည်ယောက်ကျာင်္း သာလျင်ပြစ်ဒဏ်ကျခံစေ…။အိမ်ထောင်သည်မိန်းမနှင့်လူပျို ဆိုပါက…အိမ်ထောင်သည်မိန်းမသည် ပုဒ်မ(၁၃)အရကျခံစေ…အိမ်ထောင်သည်မိန်းမ၏လင်မကျေနပ်ပါက လူပျို အား ရာဇသတ်ဥပဒေပုဒ်မ(၄၉၇)အရအရေးယူစေ…။နှစ်ယောက်လုံးအိမ်ထောင်သည်ဖြစ်ပါက…နှစ်ယောက်စလုံးပြစ်ဒဏ်ခံစေ…(လွတ်လာမှ အတိအလင်းယူပေတော့)။ဤဥပဒေသည်(၃၁-၈-၂၀၁၅)မှစ၍ အာဏာတည်စေ…မည်သူမဆို ဤဥပဒေချိုးဖောက်သူများအား တိုင်တန်းခွင့်ရှိစေ……(ကိုယ့်ကိုမလိုတဲ့သူက သွားတိုင်လို့ရတာသတိထားပါ…မာဆတ်သွားရင် ကြည့်သွားပေါ့)…ဤဥပဒေအရ…ကျေအေး/ရုပ်သိမ်းခွင့်မရှိစေရ…(ကျမလင်ထောင်ကျရင် ကလေးတွေနဲ့ကျမဒုက္ခရောက်မှာမို့…အမှု့ကိုပြန်ရုပ်သိမ်းချင်ပါတယ်ရှင်လို့ တောင်းပန်လို့မရဘူးနော်…မတိုင်ခင် စဉ်းစား) စဖမ်းထဲက အာမခံပေးမှာမဟုတ်ဖူး…။အပေါ်ကအချက်အလက်တွေကတော့…မိမိလေ့လာမှတ်သားထားသမျှတွေကို…ဥပဒေ အကိုးအကား/စကားရပ်တွေမပါပဲ သာမာန်ပြည်သူတွေ…ရှင်းလင်းလွယ်ကူစွာသိအောင်လို့တင်ပြထားတာပါ…။မှားယွင်းတာ/လိုအပ်တာတွေရှိလဲ…ဥပဒေပညာရှင်များမှ…ပြင်ဆင်/ဖြည့်စွက်သင်ကြားပေးပါရန်…မေတ္တာရပ်ခံပါတယ်။Credit to Original Writer

No comments:

Powered by Blogger.