ဆိုင်ကယ်ဖြင့်လမ်းကြုံလိုက်ရန်တင်ခေါ်ပြီး ရွာနှင့်ဝေးသောနေရာ၌ ဆိုင်ကယ်ရပ်၍ အခင်းထဲဆွဲခေါ်ကာ သားမယားပြုကျင့်မှု ဖြစ်ပွား"
"ဆိုင်ကယ်ဖြင့်လမ်းကြုံလိုက်ရန်တင်ခေါ်ပြီး ရွာနှင့်ဝေးသောနေရာ၌ ဆိုင်ကယ်ရပ်၍
အခင်းထဲဆွဲခေါ်ကာ သားမယားပြုကျင့်မှု ဖြစ်ပွား"
2 August 2017
မော်လူးဒေသ၊နမီးကျေးရွာအုပ်စု၊ခေါင်းတုံးစီကျေးရွာ။
အဘ ဦးထွန်းမောင်+အမိ ဒေါ်အီဖဲတို့၏သမီးအကြီး မမြင့်မြင့်လှိုင် အသက်(၁၆)နှစ်အား တစ်ရွာတည်းနေ ဦးမျိုးဝင်း+ဒေါ်ရင်နွယ်တို့၏သားဖြစ်သူ မောင်ဖိုးထောင်၊အသက်(၂၁)နှစ် မှ (၉.၆.၂၀၁၇)၇က်နေ့ ခေါင်းတုံးစီ
နားမကြိုင်းကျေးရွာချင်းဆက်လမ်းဘေး ခေါင်းတုံးစီရွာမှ (၁)မိုင်ခွဲခန့်ဝေးသောနေရာ၌ ဆိုင်ကယ်ရပ်၍
အခင်းထဲဆွဲခေါ်ကာ သားမယားပြုကျင့်မှု ဖြစ်ပွားခဲ့သည်။
(၉.၆.၂၀၁၇)၇က်နေ့၊ညနေ(၄း၃၀)အချိန်ခန့် ကလေးမလေးနှင့်အဖော်၃ယောက်တို့ အုတ်သယ်ပြီးပြန်အလာ တရွာတည်းနေမောင်ဖိုးထောင်ဆိုသူမှ ကလေးမလေးအား ဆိုင်ကယ်ဖြင့်လမ်းကြုံလိုက်ရန်တင်ခေါ်ပြီး ခေါင်းတုံးစီရွာဌက်တိုင်နေရာအနီး အခင်းသို့အရောက် ဆိုင်ကယ်ပျက်ဟန်ဆောင်၍ ဆင်းခိုင်းလေသည်။ထို့နောက်ကလေးမလေးအား အခင်းထဲဆွဲခေါ်ပြီး အလိုမတူပဲ သားမယားပြုကျင့်သည်။
မတရားခံရသူဘက်မှ မော်လူးရဲစခန်းအားတိုင်ကြားသဖြင့်
(၂၉.၆.၂၀၁၇) ရက်နေ့တွင် တရားခံမောင်ဖိုးထောင်အား ရဲမှလာရောက်ဖမ်းဆီးသွားသည်။
(၃၀.၆.၂၀၁၇) ရက်နေ့တွင် တရားလိုသားအဖမှ မော်လူးရဲစခန်းသို့အလာ နားမကြိုင်းကျေးရွာအ၀င်၌ ခေါင်းတုံးစီကျေးရွာ၊အတွင်းရေးမှူးဖြစ်သူ ဦးဖိုးစိန်မှ လာရန်မလိုသေးကြောင်းနှင့် လိုအပ်မှခေါ်မည်ဟုပြော၍ ပြန်ခိုင်းသည်။
မော်လူးသို့ဆက်လက်လာခဲ့ရာ
နားမကြိုင်းကျေးရွာ၊ဒေါ်ဝင်းမာဈေးဆိုင်အတွင်း တရားခံ မောင်ဖိုးထောင်အား ကလေးမလေးမှ အမှတ်မထင်တွေ့ရှိသည်။
မနေ့ကလာဖမ်းသွားပြီး နောက်နေ့ပြန်လွှတ်သည်မှာအဘယ့်အတွက်ကြောင့်ဖြစ်သည်ကိုမူ မသိရှိရပေ။
ကလေးမလေးမှ အခင်းဖြစ်သောအချိန်ဝတ်ဆင်သော အတွင်းခံဘောင်းဘီနှင့် ထမိန်အား (၂၈.၆.၂၀၁၇) ရက်နေ့တွင် မော်လူးရဲစခန်းသို့ပေးအပ်ခဲ့သည်။အတွင်းခံဘောင်းဘီကို ကလေးမအားပြန်လည်ပေးခဲ့ပြီး ထမိန်မှာ သိမ်းယူထားသည်ဟုလည်း သိရသည်။
အင်းတော်မြို့နယ် ဆေးရုံသို့ (၄.၇.၂၀၁၇)၇က်နေ့က ဆီးစစ်ခံသွားရောက်ခဲ့ပြီး စစ်ချက်ယူထားကြောင်းလည်း သိရသည်။
တရားခံမောင်ဖိုးထောင်အားပြန်လည် ဖမ်းဆီးထားသည်ဟုသာကြားရသည်။တစ်လကျော်လာသည်အထိ အဆိုပါအမှုနှင့်ပါတ်သက်၍ ကလေးမလေးအား အကြောင်းတစ်စုံတရာ ပြန်ကြားခြင်း အမှုချိန်းခေါ်ဆိုခြင်းမရှိသေးပါ။
ကလေးမလေး၏ ပြောပြချက်များအား ကာယကံရှင်ဆန္ဒအရ ပုံနှင့် တွဲ၍တင်ပေးလိုက်သည်။
(အမှုမှန်ပေါ်ပေါက်စေရန်ရေးသားဖော်ပြအပ်ပါသည်။)
#မော်လူးပုံရိပ်
No comments: