adster160 /320

ရင်ထိုးလေးပြန်တွေ့ပြီ ကောက်ရပြီး ရိုးသားစွာ"နာရေး"အိမ်ကိုသွားပြန်ပေးထားတဲ့


-စိန်​ရင်​ထိုး​လေးအား​ကောက်​ရပြီး ရိုးသားစွာပိုင်​ရှင်​ထံပြန်​​ပေးခဲ့သူ

#ရင်ထိုးလေးပြန်တွေ့ပြီ
ကောက်ရပြီး ရိုးသားစွာ"နာရေး"အိမ်ကိုသွားပြန်ပေးထားတဲ့

အကျင့်စာရိတ္တကောင်းမွန်တဲ့ မြစ်သားမြို့က ညီငယ်လေးရဲ့ပုံပါ။
#ရိုးသားတဲ့ညီလေးကြောင့်မြစ်သားမြို့သူ_သားတွေကိုကျွန်တော်ပိုချစ်သွားပါပြီ။
#ကျွန်တော်ဒီညီလေးကိုကိုယ်တိုင်သွားရောက်တွေ့ဆုံပြီးဂုဏ်ပြုပေးပါမယ်။
ရိုးသားတဲ့ညီလေးရဲ့အကျင့်စာရိတ္တ၊ ဖြူစင်ကြတဲ့သူတို့ရဲ့မိသားစုလေးကို ကြည့်ပြီး ကျွန်တော် အလွန်ပဲလေးစားအထင်ကြီး မိပါတယ်။

ရတနာသုံးပါးအမြဲဦးထိပ်ထားတဲ့ဂုဏ်ကျေးဇူးကြောင့်လည်းကောင်း၊ ပစ္စည်းမှန်လို့ပြန်ရတယ်ဆိုပေမဲ့
ရိုးသားစွာပြန်လည်အပ်နှံပေးတဲ့ ညီငယ်လေးရဲ့ ဖြူစင်တဲ့စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တကောင်းမွန်သောကြောင့်လည်ကောင်း၊
၊မေတ္တာစစ်၊မေတ္တာမှန် နဲ့ ဇနီးသည်ရဲ့ မွေးနေ့လက်ဆောင် အမှတ်တရ ပစ္စည်းလေးဖြစ်နေတာကတစ်ကြောင်း၊
စိတ်ရင်းစေတနာအမှန်နဲ့
ဆုတောင်းပေးကြတဲ့ကျွန်တော်မိတ်ဆွေများရဲ့မေတ္တာတွေကြောင့် ၂၄နာရီ မပြည့်ခင်မှာပဲ ကျွန်တော်ရင်ထိုးလေးပြန်လည်တွေ့ရှိခဲ့ရပါပြီ။
စိန်ရင်ထိုးလေးကောက်ရပြီးရိုးသားစွာပြန်လည်အပ်နှံပေးတဲ့
#ညီငယ်လေးရဲ့
အမည်နဲ့အလုပ်ကတော့
ကိုဟိန်းဇော်စိုး(ဘ)ဦမျိုးလှိုင်+ဒေါ်ခင်မြဦး၊
7starဆန်စက်အလုပ်သမား၊
အလုပ်သမားခေါင်းဆောင်ဦးမောင်လွင်+ဒေါ်မြင့်မြင့်သန်းနှင့်အဖွဲ့၊ရှမ်းပွဲကွက်သစ်၊ မြစ်သားမြို့။
ရိုးသားတဲ့ညီငယ်လေးရဲ့အကျင့်စာရိတ္တကို အများသိအောင် အားပေးဂုဏ်ပြုလိုက်ကြရအောင်လားဗျာ။
(မကြာခင် မြစ်သားမြို့မှာရှိတဲ့ ရိုးသားတဲ့ ညီငယ်လေးကိုသွားရောက်တွေ့စုံဂုဏ်ပြုကျေးဇူးဆပ်ခြင်းအားထပ်မံတင်ပြပေးပါမယ်)
ဇော်မိုး ပိုင်အိုးနီးယား ၁၁၅

#Edkza@ဇော် လှမြင့်

No comments:

Powered by Blogger.