adster160 /320

မစိတ်မွှန်နေတဲ့ လူပျိုကြီးနှင့် ဖေ့ဘုတ်အွန်​လိုင်းဖူးစာ ဂစ်တာရှိတ်မမ…

“ကျွန်​​တော့်​ကိုဖမ်းကြပါ… ကျွန်​​တော့်​ကို မြန်​မြန်​ဖမ်း​ပေးကြပါ အီး အဟီးဟီး😭…” ​လူပျိုကြီးဦးတိုး ရဲစခန်းထဲကို ငိုကြ
ီးချက်​မနဲ့ ပြေးဝင်​သွားတယ်​။
တာဝန်​ကျရဲအရာရှိက- “ကဲ ထိုင်​ပါ… တစ်​ကိုယ်​လုံးလ

ည်း ဒဏ်​ရာ​တွေနဲ့ မြင်​မ​ကောင်းပါလား?… ဘယ်​လိုဖြစ် လာတာလဲ?… ဘာကိစ္စ​ကြောင့်​ဖမ်းရမှာလဲဆိုတာ​ပြောပါဦး”
“ဒီလိုပါ ဦးရဲကြီးရယ်​… ကျွန်​​တော်​နဲ့ အွန်​လိုင်းမှာချစ်​ကြိုက်​​နေတဲ့ကောင်​မ​လေးကို အခုတည်းခိုခန်းမှာချိန်း​တွေ့ပြီးမှ ဒီအတိုင်းထားပစ်​ခဲ့ပါတယ်​… ကျွန်​​တော့်​မှာအပြစ်​ရှိပါတယ်​… ကျွန်​​တော့်​ကိုဖမ်းပါဗျာ”

“ဟာကွာ ခင်ဗျားမို့လို့ နှမချင်းမစာမနာလုပ်​ရက်​တယ်​… ​ကောင်းပြီ​လေ ဒါဆိုရင်​​တော့ပြစ်​မှု​မြောက်​သွားပြီ… ဖမ်းရမှာပေါ့။ ကဲ… ဖြစ်​စဉ်​ကို အစက​နေသေချာ​ပြောပြစမ်းပါအုန်း” ရဲအရာရှိက စာအုပ်​နဲ့​ဘောလ်ပင်​ယူပြီး လိုက်​မှတ်​ဖို့ပြင်​တယ်​။

“ဒီလိုပါဦးရဲကြီးရယ်​… အဲဒီအွန်​လိုင်းကချစ်​သူကို ခိုး​ပြေးဖို့ ကျွန်​​တော်​ တည်းခိုးခန်းတစ်​ခုကို ချိန်းလိုက်​ပါတယ်​… ကျွန်​​တော်​​ တည်းခိုခန်းကို ရောက်​သွား​တော့ သူကအရင်​​ရောက်​နှင့်​​နေပါပြီ”

“ဟုတ်​ပြီ ဆက်​​ပြော” “ကျွန်​​တော်​ အခန်းထဲ​ဝင်​သွား​တော့ သူဘာလုပ်​​နေတယ်​ထင်​လဲ” “ဘာလုပ်​​နေလဲ…?” “ကုတင်​​ပေါ်ထိုင်​ပြီး နှပ်ချေးထိုင်​က​လော်​​နေတယ်​​ဗျာ…😣” “အဲ… ဟုတ်​ပါပြီ​လေ… ​နောက်​​တော့​ရော?”

“ကျွန်​​တော်​လည်း ရင်​တဒိတ်​ဒိတ်​နဲ့ သူ့ဘေးမှာဝင်​ထိုင်​လိုက်​​ပြီး သူ့လက်​က​လေးကို ဖွဖွလေး ငုံ့နမ်း​လိုက်​တော့… ဖွီ… အားလာလား သူ့လက်​သည်းကြားမှာ နည်းနည်း​နော​နော ဂျီး(​ချေး)​တွေလားဗျာ😥”

“ဪ sexy ကျချက်​​နော်​… အင်း ဆက်​​ပြောပါဦး” “ဒါနဲ့ ကျွန်​​တော်​က လက်​သည်း​တွေကို သန့်​သန့်​ရှင်းရှင်း ထားပါလားဆို​တော့ သူက ဘာလုပ်​တယ်​ထင်​လဲ?”

“အင်းးး… ဘာလုပ်​လဲ?” “သူ့လက်​သည်း​တွေကို လျှာနဲ့ထိုးက​လော်​​နေတယ်​​လေ😣” “ထွီ… အဲ​လေ ​ယောင်​ ​ယောင်​သွားလို့ ဆက်​​ပြော”

“ကျွန်​​တော်​လည်း ညားပြီးရင်​​တော့ ပြုပြင်​လို့ရ​ကောင်းပါရဲ့ဆိုပြီး ပါး​လေးကို ရွှတ်​ခနဲ ငုံ့နမ်းလိုက်​တာပေါ့….”

“ဘာဆက်​ဖြစ်​လဲ?” “ကျွန်​​တော်​နမ်းတဲ့​နေရာတစ်​ခုတည်း ကွက်​ပြီးမည်းသွားတယ်​😥” “ဟင်​?… ခင်ဗျားနှာ​ခေါင်းမှာ အိုးမည်း​တွေ​ပေ​နေလို့များလား?”

“ဘယ်​ကလာ… ဖို့ထားတဲ့ သူ့မိတ်​ကပ်​​တွေပျက်​သွားပြီး သူ့နဂိုအသား​ရေပေါ်လာတာ😓”

'ဗျာ''

“အဲဒါနဲ့ သူ့ပါးကို ကမန်းကတန်း လက်​နဲ့ပွတ်​ကြည့်​လိုက်​​တော့မှ အာပါ့ပါး ​ဖေ့စ်​ဘုတ်​​ပေါ်ကရုပ်​နဲ့ တခြားစီ… မည်းလိုက် တဲ့အသားဗျာ… ယင်​​ကောင်​နားရင်​​တောင်​ ရှာ​တွေ့မယ်​မထင်​ဘူး”

“အဲ​လောက်​​တောင်​ မည်း​သလားဗျ?” “ဒါနဲ့ ကျွန်​​တော်​​ပြောလိုက်​တယ်​… အချစ်​မှာ အသားအ​ရည် မလိုဘူး… ပိုလျှံ​နေတာ​တွေမလိုဘူး… အခုသွားဖျက်​လို့ ​ပြောလိုက်​​တော့ ကပျာကယာ ​ရေချိုးခန်းထဲဝင်​သွားတယ်​”

“စိတ်​ဝင်​စားလာပြီ… ဆက်​စမ်းပါဦး” “​ခဏအကြာ​ ရေချိုးခန်းထဲက​နေ သူပြန်​ထွက်​လာ​တော့ သူ့လက်​ထဲမှာ ဘယ်​ညာတစ်​ခုစီ အပိုပြန်​ပါလာတယ်​”

“​ဟင်!!!… ဘာ​တွေတုံးဗျ?” “ဖင်​တုနဲ့ ရင်​တု” “​ဂျာ…” “တကယ်​ပါဗျာ ဂစ်​တာရှိတ်​လို့ ကျွန်​​တော်​ထင်​ထားတဲ့ သူ့ပုံစံက ပိန်​​ခြောက်​မည်း​မှောင်​​နေလိုက်​တာများ ကြေးနန်းကြိုးကို တိပ်​အမည်းပတ်​ထားသလိုမျိုး😭”

“ခွီးခွီး😅… အဲ​လေ… အဟမ်း အဟမ်း… ခင်ဗျားကလည်း ဒီ​လောက်​နဲ့​တော့ အပြစ်​​ဆိုစရာလားဗျာ?”

“ဒီ​လောက်​အထိ​တော့ ကျွန်​​တော်​ စိတ်​ခိုင်​ပါ​သေးတယ်​… ပြောရရင်​ တဏှာစိတ်​မကုန်​​သေးဘူးဆိုပါ​တော့”

“ပုထုဇဉ်​သဘာဝ​ပေါ့” “ကုတင်​​ပေါ် သူပြန်​​ရောက်​လာ​တော့ ကျွန်​​တော့်​ပုခုံးကို သူ့​ခေါင်း​လေးနဲ့ ​ပေးမှီထားလိုက်​တယ်​”

“ဟဲဟဲ😁… ​ကောင်းခန်း​ရောက်​ပြီမလား?” “အဲဒီအချိန်​ ကျွန်​​တော်​လည်း ဘာရယ်​ညာရယ်​မသိ​တော့ဘူး ‘မ’ စိတ်​စမွှန်​တဲ့အချိန်​​ပေါ့”

'အင်း'
“သူ့ဆံပင်​​လေးကို အသာ​အယာပွတ်​ပြီး နှစ်​ကိုယ်​ကြား​လေး ​ပြောလိုက်​တယ်​… ဆံပင်လေးကို တစ်​သက်​လုံးပိုင်​ဆိုင်​ချင်​လိုက်​တာဆို​တော့”


“အဲဒီတော့… သူက ဘာ​ပြောလဲ?” “​ရော့… ယူချင်​ယူ​လေဆိုပြီး သူ့ဆံပင်အတုကြီးချွတ်​​ပေးတယ်

“ဟိုက်​?😲… ​စောင်ကတုံးမကြီးပေါ့… အဲ​လေ ​ယောင်​လို့ အင်း အဟဲ… ဒီ​လောက်​နဲ့ စိတ်​ပျက်​စရာလားဗျာ… အချိန်​တန်​ရင်​ ပြန်​​ပေါက်​မှာ​ပေါ့”

“​မွေးရာပါ ဆံပင်​မ​ပေါက်​တဲ့​ရောဂါတဲ့ဗျာ😭” “တိန်​… မှတ်​က​ရော” “ဒီအထိ သည်းခံနိုင်​ပါ​သေးတယ်​ဗျာ”

''အင်း''

“သူက လူချင်းခဏခွာလိုက်​ပြီး သူ့ချိုင်း​မွှေး​တွေကို တဗျင်းဗျင်းဆွဲနုတ်​​နေ​​သေးတယ်​” “ဟိုက်​… အဲ​လေ… ချိုင်း​မွှေး​ပေါက်​တာ သဘာဝပါ”
“ဒီ​လောက်​နဲ့မပြီး​သေးဘူး” “​ဟင်?!” “နုတ်​ပြီးသား သူ့ချိုင်း​မွှေး​တွေကို လက်​နဲ့ကိုင်​ပြပြီး​ပြောတယ်​… ကျွန်​​တော့်​မှာ နှုတ်​ခမ်း​မွှေးမရှိလို့ ဆင်​​ကော်​နဲ့ကပ်​​ပေးရမလားတဲ့”
''ထွီး''
ရဲအရာရှိက သူ့နှုတ်​ခမ်းကို လက်​နဲ့ ကမန်းကတန်းလှမ်းပိတ်​တယ်​။ “ကျွန်​​တော်​လည်း ကျန်​တဲ့​နေရာ မကြည့်​ရဲ့​တော့ဘဲ သူ့နှုတ်​ခမ်း​လေးကိုပဲ စိုက်​ကြည့်​​နေလိုက်​တယ်​… အမယ်​… ရုပ်​သာဆိုးတာဗျ… ပြုံးလိုက်​​ရင်​တော့ လွှတ်​လှ😊”

“​တော်​ပါ​သေးရဲ့… ​ကောင်းတဲ့​နေရာလည်းရှိ​သေးလို့” “သွား​လေး​တွေက ပုလဲလုံး​လေး​တွေလိုပဲ​နော်​လို့
ကျွန်​​တော်​​ပြောလိုက်​​တော့”

“အင်း….” “ဒါ​တောင်​ ​ရေမ​ဆေးရ​သေးဘူးဆိုပြီး သူ့အံပုံကြီး ချွတ်​ပြတယ်​😓” “ဟိုက်​!!! သွားကျိုးမကြီး… ထွီ ​အေ့ ​ဝေါ့” ရဲအရာရှိက ရင်​ဘတ်​က​လေးဖိပြီး ကပျာကယာ ​ရေထ​သောက်​တယ်​။ ပြီးမှ ပြန်​လာထိုင်​တယ်​။

“ကျွန်​​တော်​လည်း ဖြစ်​ချင်​ရာဖြစ်​ မျက်​စိစုံမှိတ်​ ချစ်​​တော့မယ်​ဆိုပြီး သူ့ခါးကို အတင်းဆွဲဖက်​လိုက်​တယ်​” “အဲဒီ​တော့???” “သူက​ပြောတယ်​… ​ဖြေး​ဖြေးဖက်​ က​လေးပျက်​ကျမယ်​တဲ့”

''ဟေ''အဟားးးး နွား နွား''

“ဟင်​? လက်​ညှိုးက ဘာလို့ကျွန်​​တော့်​ကိုထိုးတာလဲ။ 😢😢 ​လှောင်​တယ်​​ပေါ့?” “အဟီး… ခွိခွိ… ​ယောင်​ ​ယောင်​သွားလို့ပါ မရီတော့ပါဘူး… အဟမ်း… အဟမ်း… ဆက်​​ပြောပါဦး”

“ဒါနဲ့ ကျွန်​​တော်​လည်း မျက်​ရည်​​တွေ ဝဲတက်​လာပြီး တစ်​ချိုးတည်း ထွက်​​ပြေးလာ​တော့တာပဲ အဟင့်​ ဟင့်…😢”

“ဪ အဲလိုလား? အဟင်း ခစ်​ခစ်​ 😂 ဒါနဲ့ ​နေစမ်းပါဦး… ခင်ဗျားဒဏ်​ရာ​တွေက​ရော ဘယ်​လိုရလာခဲ့တာလဲ?”

“ထွက်​မ​ပြေးခင်​က သူ့ကိုမယူနိုင်​ဘူး​ပြောလို့ သူ့​ခြေတုကြီးချွတ်​ပြီး တဖုန်းဖုန်းနဲ့ ရိုက်​နှက်​တော့တာပါပဲဗျာ… အီး အဟီး အဟင့်​😭”
''အဟားး ဟားး ဟားးး

No comments:

Powered by Blogger.